Thursday 12 December 2019
Home      All news      Contact us      English
voanews - 15 days ago

နေ့စဉ် တီဗွီသတင်းလွှာ (၁၁-၂၇-၂၀၁၉)

- ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီ ဒေါ်လာသန်း ၄၀၀ နီးပါး ပေးအပ်မယ့် အစီအစဉ် ဆိုင်းငံ့ထားတာကို ပြန်လည် ရုပ်သိမ်းဖို့ မဆုံးဖြတ်ခင်မှာပဲ အစိုးရ အတွင်းလူတယောက်က တိုင်ကြားထားကြောင်း အမေရိကန်သမ္မတ Donald Trump က သိရှိထားပြီးဖြစ်ကြောင်း New York Times သတင်းစာက ဖော်ပြလိုက်ပါတယ်။ - အယ်ဘေးနီးယားနိုင်ငံမှာ အင်္ဂါနေ့က နှစ် ၃၀ ကျော်အတွင်း အပြင်းဆုံး ငလျင်လှုပ်ခဲ့တဲ့အတွက် လူအနည်းဆုံး ၂၅ ဦးသေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရသွားပါတယ်။ - အနောက်ဘက်ကမ်းဒေသမှာ ဂျူး အခြေချမှုကို အသိအမှတ်ပြုလိုက်တဲ့ အမေရိကန်အစိုးရရဲ့ မူဝါဒအပြောင်းအလဲကို ကန့်ကွက်တဲ့အနေနဲ့ ပါလက်စတိုင်းတွေ ထောင်နဲ့ချီ စုဝေးဆန္ဒပြခဲ့ကြပါတယ်။


Latest News
Hashtags:   

နေ့စဉ်

 | 

တီဗွီသတင်းလွှာ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources