Monday 30 March 2020
Home      All news      Contact us      English
voanews - 5 days ago

တတိယေျမာက္ကူးစက္လူနာ ေဝဘာဂီေဆး႐ုံပို႔ထား

(Zawgyi/Unicode) တတိယမြောက် ကူးစက်လူနာ ဝေဘာဂီဆေးရုံပို့ထား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ တတိယမြောက်လူနာကို အင်းစိန်ကနေ ဝေဘာဂီကူးစက်ရောဂါကုဆေးရုံကို ပို့ဆောင် လိုက်တယ်လို့ ရန်ကုန် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။ ကူးစက်ခံရတဲ့ လူနာအခြေအနေကောင်းမွန်နေပြီး မိသားစုဝင်တွေကို သူတို့အိမ်မှာပဲအသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုထားတယ်ပြောပါတယ်။  လူနာနဲ့ပတ်သတ်တာတော့ တနလာနေ့မှာ ဖျားချင်သလိုဖြစ်တယ်။ ညီကတော့ဆေးရုံစောင့်တာပေါ့။ ဓါတ်ခွဲအဖြေသိရတော့မနက် ၆နာရီက ဘဲဝေဘာဂီကိုပို့လိုက်တယ်။ သူ့ညီကိုပါ အဲဒီကိုတခါထဲပို့လိုက်ပါတယ်။ မိသားစု ၇ယောက်ရှိပါတယ်။ ကျန်တဲ့သူတွေကိုတော့လက်ရှိစောင့်ကြည်ဖို့ ကျန်းမာရေးဌာနကလူတွေနဲ့ ညှိုပြီးလုပ်နေပါတယ်။ နိုင်ငံခြားကနေ ပြန်ဝင် လာသူတွေကို ပြန်ဝင်လာတဲ့ ရက်ကနေ၁၄ ရက်သတ်မှတ်ထားတဲ့နေရာတွေမှာ (Facility Quarantine)သီးသန့် စောင့်ကြည့်ဖို့ အစိုးရကစီစဉ်ထားပေမယ့် ဘယ်လိုကြောင့် စောင့်ကြည့်မခံရသလဲဆိုတာနဲ့ပတ်သတ်လို့ စုံစမ်း စစ်ဆေးမှုတွေ လုပ်သွားဖို့စီစဉ်နေတယ်လို့ သူကပြောပါတယ်။ ကျနော်တို့အဲဒီ ကိစ္စကိုစိုးရိမ်တကြီးလိုက်စုံစမ်းနေတယ်။သက်ဆိုင်ရာ အထက်လူကြီးတွေကိုလည်းအကြောင်းကြားထားတယ်။ အဓိကကတော့ ပြန်လာရင်လုပ်သင့်လုပ်ထိုက်တဲ့ စောင့်ကြည့်တာခံရမယ်။ ဘာလို့မခံရလဲ အတိအကျတော့မသိသေးဘူး စုံစမ်းနေတုန်းပါ။ လေဆိပ်ကလူတွေပေါ့ခဲ့ပုံရတယ်။ ပြန်လာတာလည်းစနေနေ့ဖြစ်နေတယ်။ လက်ရှိညွှန်ကြားချက် ထုတ်ထားတာနဲ့ လေဆိပ်က ဆောင်ရွက်နေတာနဲ့အဲ့ဒါကိုအတိအကျလိုက် စုံစမ်းနေတယ်။ တတိယမြောက် ရောဂါတွေ့ရှိသူဟာ အင်္ဂလန်နိုင်ငံကမြန်မာနိုင်ငံကို ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိ လေဆိပ်ကတစ်ဆင့် လေကြောင်းခရီးနဲ့ မတ်လ ၂၁ ရက် နေ့မှာ ဝင်ရောက်လာခဲ့တာဖြစ်ပြီး ၊ ကိုယ်ပူဖျားနာတာ နဲ့ ချောင်းဆိုးရောဂါလက္ခဏာတွေ ကြောင့်မတ်လ ၂၃ ရက်နေ့မှာ အင်းစိန်ပြည်သူ့ဆေးရုံ မှာ စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိရာကနေ ရောဂါစစ်ဆေးတွေ့ရှိခဲ့တာကြောင့် ဝေဘာဂီဆေးရုံကို ပို့ဆောင်လိုက်တာဖြစ်ပါတယ်။   တတိယေျမာက္ ကူးစက္လူနာ ေဝဘာဂီေဆး႐ုံပို႔ထား ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံ တတိယေျမာက္လူနာကို အင္းစိန္ကေန ေဝဘာဂီကူးစက္ေရာဂါကုေဆး႐ုံကို ပို႔ေဆာင္ လိုက္တယ္လို႔ ရန္ကုန္ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က ေျပာပါတယ္။ ကူးစက္ခံရတဲ့ လူနာအေျခအေနေကာင္းမြန္ေနၿပီး မိသားစုဝင္ေတြကို သူတို႔အိမ္မွာပဲအသြားအလာကန႔္သတ္ ေစာင့္ၾကပ္ၾကည့္ရႈထားတယ္ေျပာပါတယ္။  လူနာနဲ႔ပတ္သတ္တာေတာ့ တနလာေန႔မွာ ဖ်ားခ်င္သလိုျဖစ္တယ္။ ညီကေတာ့ေဆး႐ုံေစာင့္တာေပါ့။ ဓါတ္ခြဲအေျဖသိရေတာ့မနက္ ၆နာရီက ဘဲေဝဘာဂီကိုပို႔လိုက္တယ္။ သူ႔ညီကိုပါ အဲဒီကိုတခါထဲပို႔လိုက္ပါတယ္။ မိသားစု ၇ေယာက္ရွိပါတယ္။ က်န္တဲ့သူေတြကိုေတာ့လက္ရွိေစာင့္ၾကည္ဖို႔ က်န္းမာေရးဌာနကလူေတြနဲ႔ ညႇိဳၿပီးလုပ္ေနပါတယ္။ ႏိုင္ငံျခားကေန ျပန္ဝင္ လာသူေတြကို ျပန္ဝင္လာတဲ့ ရက္ကေန၁၄ ရက္သတ္မွတ္ထားတဲ့ေနရာေတြမွာ (Facility Quarantine)သီးသန႔္ ေစာင့္ၾကည့္ဖို႔ အစိုးရကစီစဥ္ထားေပမယ့္ ဘယ္လိုေၾကာင့္ ေစာင့္ၾကည့္မခံရသလဲဆိုတာနဲ႔ပတ္သတ္လို႔ စုံစမ္း စစ္ေဆးမႈေတြ လုပ္သြားဖို႔စီစဥ္ေနတယ္လို႔ သူကေျပာပါတယ္။ က်ေနာ္တို႔အဲဒီ ကိစၥကိုစိုးရိမ္တႀကီးလိုက္စုံစမ္းေနတယ္။သက္ဆိုင္ရာ အထက္လူႀကီးေတြကိုလည္းအေၾကာင္းၾကားထားတယ္။ အဓိကကေတာ့ ျပန္လာရင္လုပ္သင့္လုပ္ထိုက္တဲ့ ေစာင့္ၾကည့္တာခံရမယ္။ ဘာလို႔မခံရလဲ အတိအက်ေတာ့မသိေသးဘူး စုံစမ္းေနတုန္းပါ။ ေလဆိပ္ကလူေတြေပါ့ခဲ့ပုံရတယ္။ ျပန္လာတာလည္းစေနေန႔ျဖစ္ေနတယ္။ လက္ရွိၫႊန္ၾကားခ်က္ ထုတ္ထားတာနဲ႔ ေလဆိပ္က ေဆာင္႐ြက္ေနတာနဲ႔အဲ့ဒါကိုအတိအက်လိုက္ စုံစမ္းေနတယ္။ တတိယေျမာက္ ေရာဂါေတြ႕ရွိသူဟာ အဂၤလန္ႏိုင္ငံကျမန္မာႏိုင္ငံကို ထိုင္းႏိုင္ငံ၊ သုဝဏၰဘူမိ ေလဆိပ္ကတစ္ဆင့္ ေလေၾကာင္းခရီးနဲ႔ မတ္လ ၂၁ ရက္ ေန႔မွာ ဝင္ေရာက္လာခဲ့တာျဖစ္ၿပီး ၊ ကိုယ္ပူဖ်ားနာတာ နဲ႔ ေခ်ာင္းဆိုးေရာဂါလကၡဏာေတြ ေၾကာင့္မတ္လ ၂၃ ရက္ေန႔မွာ အင္းစိန္ျပည္သူ႔ေဆး႐ုံ မွာ ေစာင့္ၾကည့္လူနာအျဖစ္ သီးသန္႔ထားရွိရာကေန ေရာဂါစစ္ေဆးေတြ႕ရွိခဲ့တာေၾကာင့္ ေဝဘာဂီေဆး႐ုံကို ပို႔ေဆာင္လိုက္တာျဖစ္ပါတယ္။


Latest News
Hashtags:   

တတိယေျမာက္ကူးစက္လူနာ

 | 

ေဝဘာဂီေဆး႐ုံပို႔ထား

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources