Monday 25 May 2020
Home      All news      Contact us      English
voanews - 5 days ago

ဘရာဇီးက အေမဇုံဌာေနတုိင္းရင္းသားေတြအၾကား ကုိဗစ္အလွ်င္အျမန္ ကူးစက္ေန

Zawgyi/Unicode ဘရာဇီးလ္ႏိုင္ငံ အေမဇံုသစ္ေတာ ေဒသတြင္းေနထုိင္တဲ့ ဌာေနတိုင္းရင္းသားေတြၾကား ကိုရိုနာဗိုင္းရပ္စ္ေရာဂါပိုး ကူးစက္ျပန္႔ႏွံ႔မႈ အေတာ္ ျမန္ေနတာေၾကာင့္ အခုဆို ေရာဂါ အကူး စက္ခံေနရတဲ့ အသဲအသန္လူနာေတြကို ေလယာဥ္ေတြနဲ႔သယ္ထုတ္ေပး ေနရပါတယ္။ ဘရာဇီးလ္ႏုိင္ငံ Manaus (မန္းေနာက္စ္) ေဒသမွာေနထိုင္တဲ့ ဒါဇင္နဲ႔ခ်ီတဲ့ လူမ်ိဳးစုေတြၾကား ဒီ Covid-19 အကူးစက္ခံရသူ ၅၄၀ နဲ႔ အမ်ားဆံုးျဖစ္ေနတယ္လို႔ ဘရာဇီးလ္ ႏိုင္ငံထဲက ဌာေနတိုင္းရင္းသား အေရးလုပ္ေဆာင္ေနတဲ့ အဓိကအဖြဲ႔ႀကီးျဖစ္တဲ့ APIB အဖြဲ႔က ေျပာပါတယ္။ ေဝးလံေခါင္ဖ်ား အေမဇံုသစ္ေတာထဲက လူနာေတြကို ေလယာဥ္ ၂ စင္းနဲ႔ ေန႔စဥ္ သြားေရာက္ သယ္ထုတ္ေပးေနရတယ္လို႔ ဆရာဝန္ Daniel Siqueira က တနလၤာေန႔က ေျပာပါတယ္။ တစင္းက ရိုးရိုုးလူနာအတြက္၊ ေနာက္တစင္းက Covid-19 လူနာေတြအတြက္ျဖစ္ၿပီး Covid-19 လူနာက သယ္ထုတ္ေပးရသူေတြ အားလံုးရဲ့ ၆၀ % ရွိေနတာပါ။ အေမဇံုသစ္ေတာအတြင္းပိုင္း ေဒသအမ်ားစုဟာ ဖြံ႔ၿဖိဳးမႈမရွိၾကပဲ အဲဒီ ေဒသေတြမွာ ေနထိုင္ၾကသူေတြဟာ Manaus ကို ေဆးလာကုဖို႔ ႀကိဳးစားၾကတယ္လို႔ Manaus ၿမိဳ႕ေတာ္ဝန္ Arthur Virgilio Neto က ေျပာပါတယ္။ ေဆးရံုေတြမွာ လူေတြ ေနာက္ထပ္ ေရာက္လာ ႏုိင္တယ္လို႔ သူေမွ်ာ္လင့္ထားၿပီး ေဆးကုသေပးဖုိ႔ ေနရာဖန္တီးေပးႏိုင္ေအာင္ ႀကိဳးစားေနရ တယ္လို႔လည္း ေျပာပါတယ္။ ဘရာဇီးလ္အစိုးရရဲ့ ဌာေနတိုင္းရင္းသား က်န္းမာေရးဝန္ေဆာင္မႈလုပ္ငန္း Sesai ရဲ့ အစီရင္ခံစာအရ တနလၤာေန႔ အထိ Covid-19 နဲ႔ေသဆံုးရတဲ့ ဌာေနတိုင္းရင္းသား အနဲဆံုး ၂၃ ဦး ရွိၿပီလို႔ ေဖၚျပထားပါတယ္။ ေသဆံုးသူေတြဟာ ဘရာဇီးလ္ႏုိင္ငံေျမာက္ပိုင္း ကိုလံဘီယာနဲ႔ ပီရုးႏုိင္ငံေတြရဲ႕ နယ္စပ္ အေမဇံုျမစ္ေၾကာင္း တေလွ်ာက္ ေဝးလံေခါင္ဖ်ား အရပ္ေတြမွာ ေနထိုင္သူေတြ ျဖစ္ပါတယ္။ ဘရာဇီးလ္ႏုိင္ငံမွာ ကိုရိုနာဗုိင္းရပ္စ္ ေရာဂါအကူးစက္ခံရသူက ၂၅၅,၀၀၀ ေက်ာ္နဲ႔ ေသဆံုးရသူေပါင္းက ၁၆,၈၅၆ ေက်ာ္ေနပါၿပီ။ [Unicode] ဘရာဇီးလ်နိုင်ငံ အမေဇုံသစ်တော ဒေသတွင်းနေထိုင်တဲ့ ဌာနေတိုင်းရင်းသားတွေကြား ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပြန့်နှံ့မှု အတော် မြန်နေတာကြောင့် အခုဆို ရောဂါ အကူး စက်ခံနေရတဲ့ အသဲအသန်လူနာတွေကို လေယာဉ်တွေနဲ့သယ်ထုတ်ပေး နေရပါတယ်။ ဘရာဇီးလ်နိုင်ငံ Manaus (မန်းနောက်စ်) ဒေသမှာနေထိုင်တဲ့ ဒါဇင်နဲ့ချီတဲ့ လူမျိုးစုတွေကြား ဒီ Covid-19အကူးစက်ခံရသူ ၅၄၀ နဲ့ အများဆုံးဖြစ်နေတယ်လို့ ဘရာဇီးလ် နိုင်ငံထဲက ဌာနေတိုင်းရင်းသား အရေးလုပ်ဆောင်နေတဲ့ အဓိကအဖွဲ့ကြီးဖြစ်တဲ့ APIB အဖွဲ့က ပြောပါတယ်။ ဝေးလံခေါင်ဖျား အမေဇုံသစ်တောထဲက လူနာတွေကို လေယာဉ် ၂ စင်းနဲ့ နေ့စဉ် သွားရောက် သယ်ထုတ်ပေးနေရတယ်လို့ ဆရာဝန် Daniel Siqueira က တနင်္လာနေ့က ပြောပါတယ်။ တစင်းက ရိုးရိုးလူနာအတွက်၊ နောက်တစင်းက Covid-19 လူနာတွေအတွက်ဖြစ်ပြီး Covid-19 လူနာက သယ်ထုတ်ပေးရသူတွေ အားလုံးရဲ့ ၆၀ % ရှိနေတာပါ။ အမေဇုံသစ်တောအတွင်းပိုင်း ဒေသအများစုဟာ ဖွံ့ဖြိုးမှုမရှိကြပဲ အဲဒီ ဒေသတွေမှာ နေထိုင်ကြသူတွေဟာ Manaus ကို ဆေးလာကုဖို့ ကြိုးစားကြတယ်လို့ Manaus မြို့တော်ဝန် Arthur Virgilio Neto က ပြောပါတယ်။ ဆေးရုံတွေမှာ လူတွေ နောက်ထပ် ရောက်လာ နိုင်တယ်လို့ သူမျှော်လင့်ထားပြီး ဆေးကုသပေးဖို့ နေရာဖန်တီးပေးနိုင်အောင်ကြိုးစားနေရ တယ်လို့လည်း ပြောပါတယ်။ ဘရာဇီးလ်အစိုးရရဲ့ ဌာနေတိုင်းရင်းသား ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း Sesai ရဲ့ အစီရင်ခံစာအရ တနင်္လာနေ့ အထိ Covid-19 နဲ့သေဆုံးရတဲ့ ဌာနေတိုင်းရင်းသား အနဲဆုံး ၂၃ ဦး ရှိပြီလို့ ဖေါ်ပြထားပါတယ်။ သေဆုံးသူတွေဟာ ဘရာဇီးလ်နိုင်ငံမြောက်ပိုင်း ကိုလံဘီယာနဲ့ ပီရုးနိုင်ငံတွေရဲ့ နယ်စပ် အမေဇုံမြစ်ကြောင်း တလျှောက် ဝေးလံခေါင်ဖျား အရပ်တွေမှာ နေထိုင်သူတွေ ဖြစ်ပါတယ်။ ဘရာဇီးလ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါအကူးစက်ခံရသူက ၂၅၅,၀၀၀ ကျော်နဲ့ သေဆုံးရသူပေါင်းက ၁၆,၈၅၆ ကျော်နေပါပြီ။  


Latest News
Hashtags:   

ဘရာဇီးက

 | 

အေမဇုံဌာေနတုိင္းရင္းသားေတြအၾကား

 | 

ကုိဗစ္အလွ်င္အျမန္

 | 

ကူးစက္ေန

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources