Sunday 24 May 2020
Home      All news      Contact us      English
voanews - 3 days ago

ငွက္ဖ်ားေဆးက ကုိဗစ္ကုသေရးအတြက္ အသုံး၀င္မ၀င္ ၿဗိတိန္သုေတသနျပဳမည္

Zawgyi/Unicode ငွက္ဖ်ားေရာဂါကုသတဲ့ Chloroquine နဲ႔ Hydroxychloroquine ေဆး ေတြဟာ Covid 19 ေရာဂါ ကုသေရး ဒါမွမဟုတ္ ကာကြယ္ေရးအတြက္ အသံုးျပဳလို႔ ရမရ ကမာၻလံုးဆိုင္ရာ ေလ့လာမႈႀကီးမွာ ၿဗိတိန္ေဆးရံုေတြက က်န္းမာေရးလုပ္သားေတြ ပထမဆံုး ပါဝင္ေတာ့မွာ ျဖစ္ပါတယ္။ Oxford တကၠသိုလ္ ဦးေဆာင္တဲ့ ဒီေလ့လာမႈကို ၾကာသပေတးေန႔က စတင္လိုက္တာ ျဖစ္ၿပီး ဥေရာပ၊ အာဖရိက၊ အာရွနဲ႔ ေတာင္အေမရိကက ဒီေရာဂါကုသေရးမွာ ပါဝင္ေနတဲ့ က်န္းမာေရးလုပ္သား ၄၀,၀၀၀ ေက်ာ္နဲ႔ စစ္ေဆးမွာ ျဖစ္ပါတယ္။ ၿဗိတိန္ ႏိုင္ငံ မွာတင္ ေလ့လာစမ္းသပ္တဲ့ ဌာန ၂၅ ခု ထားရွိမယ္လို႔ ရိုက္တာ သတင္းမွာ ေဖၚျပပါတယ္။ Covid-19 အကူးစက္ မခံရတဲ့ က်န္းမာေရး လုပ္သားတိုင္း “COPCOV” လို႔ေခၚတဲ့ ဒီေလ့လာမႈမွာ ပါဝင္ႏုိင္ပါတယ္။ ၿဗိတိန္ႏိုင္ငံက လုပ္သားေတြကို Hydroxychloroquine ဒါမွမဟုတ္ လူ႔က်န္းမာေရးကို မထိခိုက္ေစတဲ့ ေဆး ၃ လ ေပးၿပီး အာရွ တိုက္သား ေတြကိုေတာ့ Chloroquine ဒါမွမဟုတ္ လူ႔က်န္းမာေရးကို မထိခိုက္ေစတဲ့ေဆးနဲ႔ စမ္းသပ္ေလ့လာမွာ ျဖစ္ပါတယ္။ ဒီငွက္ဖ်ားေဆးက အသံုးတဲ့တယ္လို႔ ဧၿပီလသတင္းစာရွင္းလင္းပြဲမွာ သမၼတ ထရမ့္က ေျပာခဲ့ရာကေန ဒီေဆးအေပၚ စိတ္ဝင္စားလာၾကတာ ျဖစ္ပါတယ္။ ဒီသီတင္းပတ္ အေစာပိုင္းမွာလည္း သမၼတ ထရမ့္က Covid-19 အကူးစက္ မခံရေအာင္ ကာကြယ္ဖို႔ Hydroxychloroquine ကို သူေသာက္ေနေၾကာင္း ေၾကညာခဲ့တာပါ။  ဒါေပမဲ့လည္း အေမရိကန္ အစားအေသာက္နဲ႔ ေဆးဝါးဆိုင္ရာ စီမံခန္႔ခြဲေရးဌာန FDA က ဒီေဆးကို Covid-19 လူနာေတြ ကုသရာမွာ အကန္႔အသတ္နဲ႔ ပဲ ခြင့္ျပဳထားၿပီး ဒီေဆးက ႏွလံုးခုန္မမွန္တဲ့ ျပႆနာ ျဖစ္လာႏိုင္တဲ့ အႏၱရာယ္ ရွိတာေၾကာင့္ ေဆးရံုေဆးခန္းမွာ မဟုတ္ရင္ သံုးခြင့္ မေပးပါဘူး။ ဒီ COPCOV စမ္းသပ္မႈကို ထိုင္းႏိုင္ငံ ဘန္ေကာက္ မဟီေဒါ တကၠသိုလ္ Oxford အပူပိုင္း ေဆးသုေတသန ဌာန (MORU - Mahidol Oxford Tropical Medicine Research Unit ) ကလည္း ပါဝင္ေဆာင္ရြက္ေနတာပါ။ ဒီငွက္ဖ်ား ကာကြယ္ေဆးေတြဟာ Covid 19 ေရာဂါ ကာကြယ္ေရး ဒါမွမဟုတ္ ကုသေရးမွာ ထိေရာက္မႈ ရွိႏုိင္တယ္လို႔ COPCOV အဖြဲ႔က ေျပာပါတယ္။ ဒါေပမယ့္ ခိုင္လံုတ့ဲ အေထာက္ထားေတာ့ မျပႏိုင္ေသးပါဘူး။  [Unicode] ငှက်ဖျားရောဂါကုသတဲ့ Chloroquine နဲ့Hydroxychloroquine ဆေး တွေဟာ Covid 19 ရောဂါ ကုသရေး ဒါမှမဟုတ် ကာကွယ်ရေးအတွက် အသုံးပြုလို့ ရမရ ကမ္ဘာလုံးဆိုင်ရာ လေ့လာမှုကြီးမှာ ဗြိတိန်ဆေးရုံတွေက ကျန်းမာရေးလုပ်သားတွေ ပထမဆုံး ပါဝင်တော့မှာ ဖြစ်ပါတယ်။ Oxford တက္ကသိုလ် ဦးဆောင်တဲ့ ဒီလေ့လာမှုကို ကြာသပတေးနေ့က စတင်လိုက်တာ ဖြစ်ပြီး ဥရောပ၊ အာဖရိက၊ အာရှနဲ့ တောင်အမေရိကက ဒီရောဂါကုသရေးမှာ ပါဝင်နေတဲ့ ကျန်းမာရေးလုပ်သား ၄၀,၀၀၀ ကျော်နဲ့ စစ်ဆေးမှာ ဖြစ်ပါတယ်။ ဗြိတိန် နိုင်ငံ မှာတင် လေ့လာစမ်းသပ်တဲ့ ဌာန ၂၅ ခု ထားရှိမယ်လို့ ရိုက်တာ သတင်းမှာ ဖေါ်ပြပါတယ်။ Covid-19 အကူးစက် မခံရတဲ့ ကျန်းမာရေး လုပ်သားတိုင်း “COPCOV” လို့ခေါ်တဲ့ ဒီလေ့လာမှုမှာ ပါဝင်နိုင်ပါတယ်။ ဗြိတိန်နိုင်ငံက လုပ်သားတွေကို Hydroxychloroquine ဒါမှမဟုတ် လူ့ကျန်းမာရေးကို မထိခိုက်စေတဲ့ ဆေး ၃ လ ပေးပြီး အာရှ တိုက်သား တွေကိုတော့ Chloroquine ဒါမှမဟုတ် လူ့ကျန်းမာရေးကို မထိခိုက်စေတဲ့ဆေးနဲ့စမ်းသပ်လေ့လာမှာ ဖြစ်ပါတယ်။ ဒီငှက်ဖျားဆေးက အသုံးတဲ့တယ်လို့ ဧပြီလသတင်းစာရှင်းလင်းပွဲမှာ သမ္မတ ထရမ့်က ပြောခဲ့ရာကနေ ဒီဆေးအပေါ် စိတ်ဝင်စားလာကြတာ ဖြစ်ပါတယ်။ ဒီသီတင်းပတ် အစောပိုင်းမှာလည်း သမ္မတ ထရမ့်က Covid-19 အကူးစက် မခံရအောင် ကာကွယ်ဖို့Hydroxychloroquine ကို သူသောက်နေကြောင်း ကြေညာခဲ့တာပါ။  ဒါပေမဲ့လည်း အမေရိကန် အစားအသောက်နဲ့ ဆေးဝါးဆိုင်ရာ စီမံခန့်ခွဲရေးဌာန FDA က ဒီဆေးကို Covid-19 လူနာတွေ ကုသရာမှာ အကန့်အသတ်နဲ့ ပဲ ခွင့်ပြုထားပြီး ဒီဆေးက နှလုံးခုန်မမှန်တဲ့ ပြဿနာ ဖြစ်လာနိုင်တဲ့ အန္တရာယ် ရှိတာကြောင့် ဆေးရုံဆေးခန်းမှာ မဟုတ်ရင် သုံးခွင့် မပေးပါဘူး။ ဒီ COPCOV စမ်းသပ်မှုကို ထိုင်းနိုင်ငံ ဘန်ကောက် မဟီဒေါ တက္ကသိုလ် Oxford အပူပိုင်း ဆေးသုတေသန ဌာန (MORU - Mahidol Oxford Tropical Medicine Research Unit ) ကလည်း ပါဝင်ဆောင်ရွက်နေတာပါ။ ဒီငှက်ဖျား ကာကွယ်ဆေးတွေဟာ Covid 19 ရောဂါ ကာကွယ်ရေး ဒါမှမဟုတ် ကုသရေးမှာ ထိရောက်မှု ရှိနိုင်တယ်လို့ COPCOV အဖွဲ့က ပြောပါတယ်။ ဒါပေမယ့် ခိုင်လုံတဲ့ အထောက်ထားတော့ မပြနိုင်သေးပါဘူး။     


Latest News
Hashtags:   

ငွက္ဖ်ားေဆးက

 | 

ကုိဗစ္ကုသေရးအတြက္

 | 

အသုံး၀င္မ၀င္

 | 

ၿဗိတိန္သုေတသနျပဳမည္

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources