Thursday 6 August 2020
Home      All news      Contact us      English
voanews - 27 days ago

နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ

ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - အမေရိကန်သမ္မတ Donald Trump က မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တွေ့ဆုံ ဆွေးနွေးရေး လမ်းဖွင့်ထားကြောင်း ပြောလိုက်တာ၊ 5G မိုဘိုင်းဆက်သွယ်ရေး တည်ဆောက်ဖို့ တရုတ်ကုမ္ပဏီ Huawei နဲ့ သဘောတူထားတာကို ဗြိတိန်အစိုးရဘက်က ပယ်ဖျက်ဖို့ အလားအလာ ရှိနေတာ၊ Disney ကုမ္ပဏီ CEO ဟောင်းက TikTok ရဲ့ CEO အသစ်အဖြစ် စတင် တာဝန်ထမ်းဆောင်မှာ၊ နယ်သာလန်နိုင်ငံမှာ ကိုဗစ်ကန့်သတ်ချက်တွေ ဖြေလျော့လာတာနဲ့အမျှ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေလည်း ပြန်စတင်နေတာ စတဲ့ သတင်းလွှာတွေနဲ့အတူ ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြကြတဲ့ မြန်မာနိုင်ငံအကြောင်း သတင်း ဆောင်းပါးတွေကိုလည်း နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍနဲ့ တိုင်းရင်းသတင်းလွာတွေကို တင်ဆက်ပေးသွားမှာပါ။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။


Latest News
Hashtags:   

နံနက်ပိုင်း

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources