Sunday 9 August 2020
Home      All news      Contact us      English
voanews - 9 days ago

နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ

ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - ရခိုင်ပြည်နယ်က ပဋိပက္ခတွေဖြစ်နေတဲ့ နေရာတွေမှာ ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်ကြောင်း သတင်းတွေထွက်နေတဲ့အပေါ် ရခိုင်လွှတ်တော်ဥက္ကနဲ့ ဆက်သွယ် မေးမြန်းထားတာ၊ NLD ပါတီက လူများစုပါတဲ့ လွှတ်တော်ရဲ့ ဥပဒေပြုနိုင်ရေးအပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေတာ၊ ကြီးထွားလာနေတဲ့ တရုတ်-အမေရိကန်သံတမန် ဆက်ဆံရေးအပေါ် မြန်မာ့နိုင်ငံရေးသုံးသပ်သူတချို့ရဲ့ အမြင်သဘောထား စတဲ့ သတင်းလွှာတွေနဲ့ အတူ ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြကြတဲ့ မြန်မာနိုင်ငံအကြောင်း သတင်း ဆောင်းပါးတွေကိုလည်း နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာကဏ္ဍတို့ကို တင်ဆက်ပေးသွားမှာပါ။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။


Latest News
Hashtags:   

နံနက်ပိုင်း

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources