Thursday 15 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

ရန်ကုန်လမ်းမများပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး “ကားပျက်ရပ်” ကမ်ပိန်းပြုလုပ်

ရန်ကုန်မြို့ပေါ်လမ်းမတွေပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက် မနက် အစောပိုင်းလောက်ကတည်းက ကားတွေပျက်နေတယ်ဆိုပြီး ရပ်ထားတာကို တွေ့ရပါတယ်။ ရန်ကုန်မြို့ရဲ့ အဓိကလမ်းမကြီးတွေ၊ လမ်းဆုံလမ်းခွတွေ၊ တံတားတွေပေါ်မှာ ရပ်ထားတဲ့ ကားတွေထဲမှာ အိမ်စီးကားတွေ၊ တက္ကစီအငှားကားတွေသာမက YBS ဘတ်စ်ကားကြီးတွေပါ တွေ့ရပြီး တချို့ကားတွေကတော့ စက်ဖုံးတွေ ဖွင့်ကာ ရပ်ထားကြတာဖြစ်ပါတယ်။ အဲ့ဒီလို ကားပိတ်ဆို့မှုတွေနဲ့အတူ ဆန္ဒပြသူတော်တော်များများလည်း လမ်းတွေပေါ်မှာ ရှိနေပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သွားရာလမ်းဖြစ်တဲ့ စက်မှု ၁ လမ်းနဲ့ ရန်ကင်းလမ်းထောင့်၊ ဦးချစ်မောင်လမ်း၊ လှည်းတန်း၊ အင်းစိန်လမ်းမကြီး၊ ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ ဗိုလ်မြတ်ထွန်းလမ်း၊ ဆူးလေဘုရားလမ်းနဲ့ မဟာဗန္ဓုလတံတားပေါ်မှာ ကားပျက်တယ်ဆိုပြီး ကားတွေ အများအပြားရပ်တန့်ထားကြပါတယ်။ အဲ့ဒီလို ကားတွေရပ်ပြီး ပိတ်နေတာကို ရဲတပ်ဖွဲ့က လာရောက်ကြည့်ရှုပြီး ကားနံပါတ်တွေကို မှတ်တမ်းယူသွားတာလည်း တွေ့ရပါတယ်။ [ ]


Latest News
Hashtags:   

ရန်ကုန်လမ်းမများပေါ်တွင်

 | 

စစ်အာဏာရှင်ဆန့်ကျင်ရေး

 | 

“ကားပျက်ရပ်”

 | 

ကမ်ပိန်းပြုလုပ်

 | 

Sources