Thursday 15 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

ဖမ်းဆီးခံ မြန်မာ့မီးရထားဝန်ထမ်းအချို့ကို ပြန်လွှတ်ပေးရန် တောင်းဆို

မြန်မာ့မီးရထား ဝန်ထမ်းတွေကို စစ်တပ်က ဖမ်းဆီးထားတယ်ဆိုပြီး ပြန်လွှတ်ပေးဖို့ မန္တလေးမြို့၊ ၇၈လမ်းနဲ့ ၃၂ အေလမ်း ထောင့်ရှိ မီးရထား ဒီဇယ်စက်ခေါင်းရုံ ရှေ့မှာ ဒီကနေ့ ညနေပိုင်းက ပြည်သူလူထုတွေ ဆန္ဒပြတောင်းဆိုနေကြပါတယ်။ မန္တလေး ဘူတာကြီးက ရထားတချို့ကို ခရီးသည် မပါဘဲ ပြေးဆွဲဖို့အတွက် စစ်တပ်က အတင်းအကျပ် ဖိအားပေး လုပ်ဆောင်နေတယ်လို့ သိရပြီး CDMလုပ်ဆောင်နေတဲ့ မီးရထား ဝန်ထမ်း စက်ဗိုလ်၊ နည်းပြတချို့ အပါအဝင် လေးဦးကို သေနတ်နဲ့ ထောက်ကာ ဖမ်းဆီးခဲ့တယ်လို့ မီးရထားဝန်ထမ်းတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေအထဲက တစ်ဦးကတော့ ညနေ ၃ နာရီလောက်မှာ လက်လိမ်ချိုးခံထားရတာကို ရုန်းထွက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သိရပါတယ်။ ကျန်တဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ မီးရထားဝန်ထမ်းတွေနဲ့ ပြည်သူလူထုက ထိုင်သပိတ်ပြုလုပ်ကာ [ ]


Latest News
Hashtags:   

ဖမ်းဆီးခံ

 | 

မြန်မာ့မီးရထားဝန်ထမ်းအချို့ကို

 | 

ပြန်လွှတ်ပေးရန်

 | 

တောင်းဆို

 | 

Sources