Friday 23 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

ပြည်သူအပေါ်ဖိနှိပ်မှု ချက်ချင်းရပ်တန့်ရန် မြန်မာစစ်တပ်ကို ကုလသမဂ္ဂအကြီးအကဲတောင်းဆို

မြန်မာစစ်တပ်အနေနဲ့ ဖိနှိပ်မှုတွေကို ချက်ချင်း ရပ်တန့်ဖို့၊ ဖမ်းဆီးထိန်းသိမ်းထားတွေကို လွှတ်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရပ်စ်က အပြင်းအထန်တောင်းဆိုလိုက်ပါတယ်။  ဒီကနေ့ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ပြောကြားရာမှာ ထည့်သွင်း ပြောသွားတာပါ။ လူ့အခွင့်အရေးနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဖော်ပြခဲ့တဲ့ ပြည်သူတို့ရဲ့ ဆန္ဒကို လေးစားဖို့နဲ့ ခေတ်မီတိုးတက်တဲ့ ကမ္ဘာမှာ  အာဏာသိမ်းမှုတွေအတွက် နေရာမရှိပါလို့လည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။ အတွင်းရေးမှူးချုပ် ဂူတာရပ်စ်က “ဒီမိုကရေစီ အနှစ်သာရကို ယုတ်လျော့စေခြင်း၊ ရက်စက်စွာ အင်အားသုံးခြင်း၊ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးထိန်းသိမ်းခြင်းနဲ့ ဖိနှိပ်မှုမျိုးစုံလုပ်ဆောင်နေမှုတွေကို ကျွန်ုပ်တို့ တွေ့မြင်နေရတယ်။ ပြည်သူလူထုရဲ့ လှုပ်ရှားဆောင်ရွက်နိုင်ခွင့်တွေကို ကန့်သတ်ချုပ်ချယ်မှုတွေ၊ အရပ်ဘက် ပြည်သူတွေကို တိုက်ခိုက်မှု၊ ရိုဟင်ဂျာလူမျိုးစုတွေကို မျိုးတုန်းသတ်ဖြတ်မှုဟု [ ]


Latest News
Hashtags:   

ပြည်သူအပေါ်ဖိနှိပ်မှု

 | 

ချက်ချင်းရပ်တန့်ရန်

 | 

မြန်မာစစ်တပ်ကို

 | 

ကုလသမဂ္ဂအကြီးအကဲတောင်းဆို

 | 

Sources