Friday 23 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

ပုသိမ်တွင် စစ်အာဏာရှင်ကျဆုံးရေးအတွက် ပြည်သူများက ကျိန်စာတိုက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ရေကြည်ဦးဘုရား လေးကျွန်းရန်အောင် ဖောင်တော်ဦးစေတီမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့ပြည်သူတွေက  စစ်အစိုးရနဲ့ စစ်အာဏာရှင်ကျဆုံးပါစေဆိုပြီး ဖေဖော်ဝါရီလ ၂၃ ရက် ဒီနေ့ မနက်ပိုင်းက ကျိန်စာတိုက်ပွဲပြုလုပ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ မနက် ၈ နာရီလောက်က စတင်လူစုပြီး မြို့တွင်းလမ်းမှာ ဆန္ဒပြတာတွေ ပြုလုပ်ခဲ့ပြီး ရေကြည်ဦးဘုရားကို သွားရောက်ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်တွေကို ကျိန်စာတိုက်ခဲ့ကြတာဖြစ်ပါတယ်။ ရေကြည်ဦးဘုရားကို ဒေသခံအာဏာပိုင်တွေက ပိတ်ထားခဲ့လို့ ဘုရားရဲ့ ဝင်လမ်း တံခါးရှေ့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒပြလို့ သေဆုံးခဲ့သူတွေအတွက် ၂၁ စက္ကန့်ငြိမ်သက် ဆုတောင်းပေးခဲ့ပါတယ်။ စစ်အာဏာရှင်တွေကို ကျိန်စာတိုက်တဲ့အထဲမှာတော့ တိုင်းသူ ပြည်သားတွေ ပူဆွေးသောက ရောက်နေရသလို စစ်အာဏာရှင်အစိုးရသည်လည်း အမြန်ဆုံးအပူသောက မီးတွေ ကျရောက်ပါစေ၊ နှလုံးကွဲကြေပါစေ၊ မိသားစုပြိုကွဲပါစေ၊ စစ်အာဏာရှင် တစ်ဖွဲ့လုံး ကျဆုံးပါစေ ဆိုပြီး [ ]


Latest News
Hashtags:   

ပုသိမ်တွင်

 | 

စစ်အာဏာရှင်ကျဆုံးရေးအတွက်

 | 

ပြည်သူများက

 | 

ကျိန်စာတိုက်

 | 

Sources