Friday 23 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

ထိုင်းနိုင်ငံရောက် မြန်မာများ ၂ ငါးလုံးအထွေထွေသပိတ်တွင်ပါဝင် (ရုပ်သံ)

ဖေဖော်ဝါရီ ၂၂ ရက်နေ့က မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်ဆန့် ကျင်ရေး ပြည်လုံးကျွတ်အထွေထွေသပိတ်မှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ လည်း ပါဝင်ခဲ့ကြပါတယ်။ ဘန်ကောက်မြို့၊ ကုလသမဂ္ဂရုံးရှေ့မှာ စုဝေးဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မြန်မာနိုင်ငံမှာ လမ်းပေါ်ထွက် ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်း တာတွေကြောင့်သေဆုံးခဲ့ရသူတွေအတွက်လည်း ငြိမ်သက်ဆုတောင်းပေးခဲ့ကြပါတယ်။ ရုပ်သံဗီဒီယိုဖိုင်ထဲမှာတော့ ဆန္ဒပြသူတွေဟာ “အရေးတော်ပုံ အောင်ရမည်” ၊ “ဒီမို ကရေစီရရှိရေး-တို့အရေး တို့အရေး” ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement)လှုံ့ဆော် “ရုံးမတက်နဲ့-ရုန်းထွက် ရုန်းထွက်” ၊ “သပိတ် သပိတ်-မှောက် မှောက်” ၊ “စစ်အာဏာရှင် ကျဆုံးရေး တို့အရေး-တို့အရေး” ၊ “အမေစုနဲ့ ခေါင်းဆောင် များ-ချက်ချင်းလွှတ် ချက်ချင်းလွှတ်”စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ကို တွေ့ရပါတယ်။ [ ]


Latest News
Hashtags:   

ထိုင်းနိုင်ငံရောက်

 | 

မြန်မာများ

 | 

ငါးလုံးအထွေထွေသပိတ်တွင်ပါဝင်

 | 

ရုပ်သံ

 | 

Sources