Friday 23 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

ဝမ်းတွင်းမြို့တွင် ဓမ္မစင်္ကြာရွတ်၊ မေတ္တာသုတ်ရွတ်ပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြ

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှာ ဆရာဆရာမတွေက ဓမ္မစင်္ကြာ ရွတ်တာ၊ မေတ္တာသုတ်ရွတ်ပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဝမ်းတွင်းမြို့လယ်ဓမ္မာရုံမှာ ဆရာ၊ ဆရာမတွေက ဓမ္မစင်္ကြာရွတ်ဖတ်တာ၊ မေတ္တသုတ်တော် ရွတ်ဖတ်တာကို အင်အား ၃၀၀လောက်နဲ့ ထိုင်သပိတ် လုပ်ဆောင်ခဲ့ကြတာပါ။ ဒါ့အပြင် ဆန္ဒပြသူတွေကလည်း ဝန်ထမ်းတွေ CDM လုပ်ဖို့ ရုံးဌာနတွေရှေ့မှာ နှိုးဆော်သံချပ်တွေ ဟစ်အော်ပြီး စစ်အာဏာရှင်အလိုမရှိကြောင်း အင်အား ၆၀၀၀ ကျော်နဲ့ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြအမျိုးသားတစ်ဦးက “မနေ့က စစ်အာဏာရှင်ပြုတ်ကျရေး လမ်းပေါ်ထွက်ပြီး မြို့လုံးကျွတ် ဆန္ဒဖော်ထုတ်ပြီးပြီ။ ဒီနေ့တော့ အန္တရာယ်ကင်းအောင် ဓမ္မစင်္ကြာရွတ်တယ်။ မေတ္တာသုတ်ရွတ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာပါ လို့ ပြောပါတယ်။ ဆိုင်ကယ်ကားတွေနဲ့ ဆန္ဒပြသူတွေကလည်း လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ချည်မျှင်စက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ပညာရေးဌာနတို့ရှေ့မှာ ရုံးတက်နေတဲ့ [ ]


Latest News
Hashtags:   

ဝမ်းတွင်းမြို့တွင်

 | 

ဓမ္မစင်္ကြာရွတ်၊

 | 

မေတ္တာသုတ်ရွတ်ပြီး

 | 

စစ်အာဏာရှင်အလိုမရှိကြောင်း

 | 

ဆန္ဒပြ

 | 

Sources