Thursday 22 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

သန်လျင်၊ ဗိုလ်ချုပ်ရွာ၌ အာဏာသိမ်း စစ်ကောင်စီခန့်သည့် အုပ်ချုပ်ရေးမှူးအသစ်ကို ရွာသားများ မောင်းထုတ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ရွာမှာ အာဏာသိမ်း စစ်ကောင်စီကခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးအသစ်ကို  ရွာသူရွာသားတွေက လက်မခံဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးထဲကနေ မောင်းထုတ်ခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက်မွန်းလွဲ ၁ နာရီခွဲလောက်မှာ အုပ်ချုပ်ရေးမှူးအသစ် ဦးတင်ဝင်းက ရဲနဲ့အတူ ရောက်လာရာမှာ ရွာသူ၊ ရွာသားတွေက လုံးဝလက်မခံဘဲ အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ စုရုံးဆန္ဒပြခဲ့ကြသလို သူ့အိမ်ရှေ့မှာလည်း သွားရောက် ဆန္ဒပြခဲ့ကြတယ်လို့ ဗိုလ်ချုပ်ရွာသားတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီလက်အောက်မှာ ပွဲလန့်တုန်းဖျာခင်းသူကို လက်မခံတဲ့အကြောင်းနဲ့ ကျေးရွာက အများရွေးထားတဲ့ အုပ်ချုပ်သူရဲ့စကားကိုသာ အားလုံးနားထောင်ကြမှာပါလို့ ဗိုလ်ချုပ်ရွာသူတစ်ဦးက ပြောပါတယ်။ မကွေးတိုင်းနဲ့ မန္တလေးတိုင်းအထဲက မြို့နယ်တချို့မှာလည်း အာဏာသိမ်း စစ်ကောင်စီအလိုကျခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ဒေသခံတွေက ကန့်ကွက် ဆန္ဒပြတာတွေ ရှိနေပါတယ်။


Latest News
Hashtags:   

သန်လျင်၊

 | 

ဗိုလ်ချုပ်ရွာ၌

 | 

အာဏာသိမ်း

 | 

စစ်ကောင်စီခန့်သည့်

 | 

အုပ်ချုပ်ရေးမှူးအသစ်ကို

 | 

ရွာသားများ

 | 

မောင်းထုတ်

 | 

Sources