Thursday 22 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

ဩစတြေးလျ ဒုကာကွယ်ရေးဦးစီးချုပ်က ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းထံ ဖုန်းဆက်တောင်းဆို

မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ပြန်လည်ထူထောင်ဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ ဩစတြေးလျ ပညာရှင် ပါမောက္ခ ရှောင်တန်နဲလ်ကို ပြန်လွှတ်ပေးဖို့ ဩစတြေးလျ  တပ်မတော်ရဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒေးဗစ်ဂျွန်စတင်က မြန်မာဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို ဖေဖော်ဝါရီ ၂၂ ရက်က တယ်လီဖုန်းနဲ့ ဆက်သွယ် တောင်းဆိုလိုက်ပါတယ်။   ပါမောက္ခ ရှောင်တန်နဲလ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားနိုင်ငံရေးခေါင်းဆောင်တွေ ဖမ်းဆီးမခံရခင်အချိန်ထိ အန်အယ်လ်ဒီအစိုးရရဲ့ စီးပွားရေး အကြံပေးအဖြစ် တာဝန်ယူဆောင်ရွက်ပေးတဲ့ပညာရှင်ဖြစ်ပါတယ်။ ဩစတြေးလျ သံတမန်တွေကလည်း မစ္စတာ ရှောင်တန်နဲလ် လွတ်မြောက်ရေးအတွက် လုပ်ဆောင်ပေးနေပါတယ်။ ဒါဟာ ဩစတြေးလျ အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက စစ်ကောင်စီထဲက ထိပ်တန်းပုဂ္ဂိုလ်တွေဆီ ပထမဆုံး အဆက်အသွယ် ရရှိလိုက်တာ ဖြစ်ပါတယ်။ ဩစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူတဦးရဲ့ ပြောကြားချက်အရ [ ]


Latest News
Hashtags:   

ဩစတြေးလျ

 | 

ဒုကာကွယ်ရေးဦးစီးချုပ်က

 | 

ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းထံ

 | 

ဖုန်းဆက်တောင်းဆို

 | 

Sources