Thursday 15 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

ကျောက်ဆည်ဆေးရုံ CDM ဆေးဝန်ထမ်းများက လုပ်ခလစာနှင့်ပတ်သက်၍ကြေညာ

မန္တလေးတိုင်း ကျောက်ဆည်ဆေးရုံကြီးက CDM လက်ထောက်ဆရာဝန်တွေနဲ့ သူနာပြု ဆရာ ဆရာမတွေဟာ  မိမိတို့ရရှိခံစားရမယ့် လုပ်ခလစာတွေကို အခုတော်လှန်ရေး ကာလအတွင်း ထုတ်ယူတော့မှာမဟုတ်ဘဲ တရားဝင်အစိုးရရဲ့ နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးရှိရှိ သုံးစွဲသွားမယ်လို့ ကြေညာပါတယ်။ မိမိတို့ရသင့်ရထိုက်တဲ့ လစာငွေတွေ လျော့ပါးပျောက်ဆုံးပါက ကျောက်ဆည်ခရိုင် ဆေးရုံအုပ်ကြီး ဦးဝင်းမော်ရဲ့ တာဝန်သာဖြစ်တယ်လို့လည်း ဖေဖော်ဝါရီ ၂၃ရက်က ထုတ်ပြန်လိုက်ပါတယ်။ အမည်မဖော်လိုသူ လက်ထောက်ဆရာဝန်တစ်ဦးက CDM ကိုအဆုံးထိသွားမှာဖြစ်လို့ နှောင့်ယှက်တာတွေ၊ ဖုန်းဆက်ပြီးခေါ်တာတွေ မဖြစ်အောင် အားလုံးတိုင်ပင်ပြီး စာထုတ်ခဲ့တာပါ။ ကြိုကာကွယ်ထားတဲ့သဘောပေါ့။ ဆေးရုံအုပ်ကို ဦးတည်ပြီး ထုတ်လိုက်တော့ သူ့နောက်က လူတွေကိုပါ ထိရောက်အောင်ဖြစ်ပြီး ဆေးရုံအုပ်တွေသာ CDM မှာ ပါဝင်ခဲ့ရင် ကျောက်ဆည်ဆိုပြီး တစ်စုတစ်စည်းတည်း ဖြစ်သွားမှာပါ။ လစာနဲ့ပတ်သက်ပြီး ဟိုလိုလိုဒီလိုလိုကြားမှာ ပျောက်သွားမှာစိုးတဲ့အတွက် ကြိုပြီးစာထုတ်ထားတာပါ။ [ ]


Latest News
Hashtags:   

ကျောက်ဆည်ဆေးရုံ

 | 

ဆေးဝန်ထမ်းများက

 | 

လုပ်ခလစာနှင့်ပတ်သက်၍ကြေညာ

 | 

Sources