Thursday 15 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

ကမ္ဘာ့ဘဏ်က မြန်မာအာဏာသိမ်းစစ်ကောင်စီကို ငွေထုတ်ခွင့်မပြုတော့

မြန်မာအာဏာသိမ်းစစ်ကောင်စီကို ငွေထုတ်ယူခွင့်ပြုတော့မှာမဟုတ်ဘူးလို့ ကမ္ဘာ့ဘဏ်က ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ စစ်ကောင်စီခန့် စီမံဘဏ္ဍာစက်မှုဝန်ကြီး ဦးဝင်းရှိန်ထံ စာပေးပို့ အကြောင်းကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း တောင်းခံလာတဲ့ ဘယ်လို ငွေထုတ်ယူမှုမျိုးကိုမျှ ကမ္ဘာ့ဘဏ်အနေနဲ့ ဆောင်ရွက်ပေးမှာမဟုတ်တဲ့အကြောင်း မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို နိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရဲ့ ဒါရိုက်တာ မာရီအမ်ရှာမန်းရဲ့ စာမှာဖော်ပြပါတယ်။ မြန်မာနိုင်ငံရှိ ကမ္ဘာ့ဘဏ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၁ ရက်မတိုင်ခင် တောင်ခံထားတာတွေကိုတော့ ကန်ထရိုက်တာတွေ၊ ပစ္စည်းသွင်းသူတွေနဲ့ အတိုင်ပင်ခံအကြံပေးအဖွဲ့အစည်းတွေထံ ကမ္ဘာ့ဘဏ်က တိုက်ရိုက်ပေးသွားမယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဘဏ်က မြန်မာအာဏာသိမ်းစစ်ကောင်စီအစိုးရကို ငွေထုတ်ယူခွင့်မပြုတော့ကြောင်း အွန်လိုင်းမှာထွက်ပေါ်နေတဲ့ အကြောင်းကြားစာဟာ အစစ်အမှန်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ပြောရေးဆိုခွင့်ရှိသူက အတည်ပြုတယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။


Latest News
Hashtags:   

ကမ္ဘာ့ဘဏ်က

 | 

မြန်မာအာဏာသိမ်းစစ်ကောင်စီကို

 | 

ငွေထုတ်ခွင့်မပြုတော့

 | 

Sources