Thursday 15 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ပွဲ ပုသိမ်တွင် ဆက်လက်ပြုလုပ်

ပုသိမ်မြို့မှာ အာဏာရှင်စနစ် ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်ပွဲအား ပြည်သူတွေက ရက် ၂၀ မြောက်နေ့အဖြစ် ဆက်လက်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ပုသိမ်မြို့ဆန္ဒဖော်ထုတ်ပွဲအား ကုန်သည်လမ်းက မြို့တွင်းကို ပြည်သူ၊ ကျောင်းသားနဲ့ ဘာသာရေးအဖွဲ့အစည်းတွေ ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။ “ကူညီပါရစေဆိုတာဟာ အာဏာရှင်ကို ကူညီဖို့လား၊ အာဏာရှင်စနစ်ကျဆုံးရေး၊ ပြည်သူအာဏာ ပြည်သူပြန်ပေး၊ ရုံးမတက်နဲ့ရုန်းထွက်၊ အမေစုနှင့်ဖမ်းဆီးထားသော ခေါင်းဆောင်များ ချက်ခြင်းလွှတ်” စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်သူတချို့ ဖမ်းဆီးခံရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ရာဝတီတိုင်းဒေသကြီးက အခြားမြို့နယ်တွေမှာ အာဏာရှင်စနစ်ကျဆုံးရေး ဆန္ဒဖော်ထုတ်ပွဲတွေ ပြုလုပ်နေကြတာပါ? ပုသိမ်မြို့မှာ အာဏာရှင်စနစ် ကျဆုံးရေးဆန္ဒဖော်ထုတ်ပွဲအား ဖေဖော်ဝါရီ ၇ ရက်နေ့မှ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ၂ ငါးလုံး အထွေထွေသပိတ်မှာတော့ လူဦးရေး အများဆုံး ဆန္ဒဖော်ထုတ်ခဲ့ကြတာလည်း [ ]


Latest News
Hashtags:   

စစ်အာဏာရှင်အလိုမရှိကြောင်း

 | 

ဆန္ဒဖော်ထုတ်ပွဲ

 | 

ပုသိမ်တွင်

 | 

ဆက်လက်ပြုလုပ်

 | 

Sources