Thursday 15 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

မန္တလေးတွင် အင်အားအများဆုံး ကျန်းမာရေးနှင့်အင်ဂျင်နီယာ စစ်ကြောင်းတို့ ပူးပေါင်းချီတက်

မန္တလေးမြို့မှာ အင်အားအများဆုံးဖြစ်တဲ့ ကျန်းမာရေး စစ်ကြောင်းနဲ့ အင်ဂျင်နီယာစစ်ကြောင်း ပေါင်းပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ကျန်းမာရေးစစ်ကြောင်းမှာ CDM လုပ်ထားတဲ့ ဆရာဝန် ဆရာမတွေ၊ ဆရာဝန်အသင်းက ဆရာဝန် ဆရာမတွေ၊ သူနာပြုတွေနဲ့ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်တွေက ကျောင်းသားသမဂ္ဂတွေ ပါဝင်ကြပါတယ်။ အင်ဂျင်နီယာ စစ်ကြောင်းမှာလည်း အစိုးရဝန်ထမ်းတွေ၊ ပြင်ပပုဂ္ဂလိက ဝန်ထမ်းတွေ ပါဝင်ကြပြီး စစ်အာဏာရှင်စနစ် အလိုမရှိ၊ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေး စတဲ့အချက်တွေကို ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ပါတယ်။ အရင်က ကျန်းမာရေး စစ်ကြောင်းနဲ့ အင်ဂျင်နီယာစစ်ကြောင်းဟာ သီးခြားထွက်ကြပြီး အခုအခါ စုပေါင်းချီတက်ကြတာကြောင့် လူဦးရေ သောင်းနဲ့ချီပါဝင်တဲ့ စစ်ကြောင်းဖြစ်ပါတယ်။ နိုင်လင်းဦး


Latest News
Hashtags:   

မန္တလေးတွင်

 | 

အင်အားအများဆုံး

 | 

ကျန်းမာရေးနှင့်အင်ဂျင်နီယာ

 | 

စစ်ကြောင်းတို့

 | 

ပူးပေါင်းချီတက်

 | 

Sources