Thursday 15 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

မကွေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကျောင်းသားသမဂ္ဂတပ်ပေါင်းစု ဖွဲ့စည်း

မကွေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကျောင်းသား သမဂ္ဂတပ်ပေါင်းစုစည်းကြောင်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့ရက်စွဲနဲ့ တက္ကသိုလ်ကျောင်းသား သမဂ္ဂ ၇ ဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ထုတ်ပြန်ချက်မှာ ကျောင်းသားသမဂ္ဂများဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ လမ်းမပေါ်ထွက် တိုက်ပွဲဝင်ခဲ့တာ အခုဆိုရင် ၂၀ ရက်ခန့်ရှိပြီဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စုရဲ့ အမိန့်ဟူသမျှကိုဆန့်ကျင်ကာ လူထုနှင့်တစ်သားတည်းရပ်တည်ကာ အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် တပ်ဦးမှ ပါဝင်ခဲ့ကြတယ်လို့ဆိုပါတယ်။ ပြည်သူ့ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုဟာ အောင်မြင်နေသလို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကလည်း လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နေကြောင်း CDM လှုပ်ရှားမှု၊ CRPH‌ နဲ့ လမ်းမပေါ်ရှိလူထုတိုက်ပွဲတွေ ဟန်ချက်ညီညီလှုပ်ရှားမှသာ တိုက်ပွဲအောင်မြင်မယ်လို့ ယူဆကြောင်း ထုတ်ပြန်ထားပါတယ်။ အားကောင်းနေတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပိုမို အားကောင်းလာဖို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ကျောင်းသား သမဂ္ဂများ တပ်ပေါင်းစုအနေနဲ့ [ ]


Latest News
Hashtags:   

မကွေးမြို့တွင်

 | 

စစ်အာဏာရှင်ဆန့်ကျင်ရေး

 | 

ကျောင်းသားသမဂ္ဂတပ်ပေါင်းစု

 | 

ဖွဲ့စည်း

 | 

Sources