Thursday 22 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

မကွေးတွင် တတိယနှစ်ကျောင်းသားနှင့် မိသားစုဝင် ၂ ဦးကို ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်

မကွေးမြို့မရဲစခန်းမှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့မနက်ပိုင်းက မြန်မာစာ(တတိယ)နှစ်ကျောင်းသား ကိုမင်းချစ်သူနဲ့ မိသားစုဝင် ၂ ယောက်တို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ အရေးယူထားတယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ မကွေးမြို့ သစ္စာလမ်းမှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက လူငါးယောက်ထက် ပိုမစုဝေးဖို့ လိုက်လံကြေညာပြီး အင်အားသုံးကာ မျက်ရည်ယိုဗုံးတွေ ပစ်ဖောက်ကာ ကိုမင်းချစ်သူအပါဝင် ၁၀ ယောက်ထက်မနည်း ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ မြေလတ်ဂျာနယ်က အမျိုးသမီးသတင်းထောက်တစ်ယောက်၊ ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းက ပရဟိတ အဖွဲ့ဝင် ၃ ယောက်နဲ့ ကျောင်းသားတချို့ကိုပြန်လွှတ်ပေးခဲ့ပြီး ကိုမင်းချစ်သူ၊ မိခင်ဖြစ်သူ ဒေါ်ခင်တင့်နဲ့ အဒေါ်ဖြစ်သူ ဒေါ်အေးငွေတို့ကိုတော့ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး လာမယ့်တနင်္လာနေ့ တရားရုံးထုတ်မှာဖြစ်ပြီးတော့ မကွေးမြို့နယ်ရှေ့နေတွေက ကိုယ်စားလှယ်လွှဲစာရယူပြီး အခမဲ့ လိုက်ပါကူညီ [ ]


Latest News
Hashtags:   

မကွေးတွင်

 | 

တတိယနှစ်ကျောင်းသားနှင့်

 | 

မိသားစုဝင်

 | 

ဦးကို

 | 

ပုဒ်မ

 | 

ဖြင့်

 | 

အမှုဖွင့်

 | 

Sources