Sunday 18 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

ဖမ်းဆီးခံကျောင်းသူကို ချက်ချင်းလွှတ်ပေးရန် NMDC ကျောင်းသားသမဂ္ဂ တောင်းဆို

ရန်ကုန်မြို့၊ တာမွေအိုးရှင်းရှေ့ ရဲတပ်ဖွဲ့ရဲ့လူစုခွဲရာကနေ ဖေဖော်ဝါရီ ၂၇ ရက် မနက်က မတရားဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသားစီမံခံ့ခွဲမှုပညာဒီဂရီကောလိပ် (NMDC) က သတင်းအတတ်ပညာ၊ တတိယနှစ်ကျောင်းသူ မရွှေရည်ပွင့်ဦးကို ချက်ချင်းလွှတ်ပေးဖို့ ကျောင်းသားသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။ ဖမ်းဆီးခံကျောင်းသူဟာ ဆန္ဒပြရာမှာ ပါဝင်ခြင်းမရှိဘဲ တာမွေအိုးရှင်းဘေး အောင်ချမ်းသာ အိမ်ရာကိုလာရင်း လူစုကွဲပြီး မနက် ၁၀ နာရီခွဲလောက်က အဖမ်းခံခဲ့ရတာလို့ သူငယ်ချင်းဖြစ်သူက ပြောပါတယ်။ ဘယ်ကိုခေါ်သွားတယ်ဆိုတာ အဆက်အသွယ်မရရှိသေးပါဘူး။ ဖမ်းဆီးခံကျောင်းသူရဲ့ မိဘတွေ၊ ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသား/သူတွေက တာမွေရဲစခန်းရှေ့မှာ ဝန်းရံခဲ့ပေမယ့် တစ်စုံတစ်ရာမထူးခြားလို့ လူစုခွဲခဲ့ပါတယ်။ လက်ရှိမှာ သမဂ္ဂအနေနဲ့ ရှေ့နေတစ်ယောက်နဲ့ ချိတ်ဆက်ထားပြီး အခြေအနေကို စောင့်ကြည့်နေဆဲပဲရှိတယ်လို့ သိရပါတယ်။ လွင်မိုးအောင်


Latest News
Hashtags:   

ဖမ်းဆီးခံကျောင်းသူကို

 | 

ချက်ချင်းလွှတ်ပေးရန်

 | 

ကျောင်းသားသမဂ္ဂ

 | 

တောင်းဆို

 | 

Sources