Sunday 11 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 1 month ago

ထားဝယ် ဆန္ဒပြပွဲကို ရဲနှင့်စစ်တပ်က ပစ်ခတ်ဖြိုခွင်း၊ ၃ ဦးသေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရ

တနင်္သာရီတိုင်း ထားဝယ်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး မြို့နယ်လုံးဆိုင်ရာ ချီတက်ပွဲကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်တာကြောင့် အနည်းဆုံး ၃ ဦး သေဆုံး၊ ၂၀ လောက် ဒဏ်ရာရတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု ကော်မတီဝင် တဦးက ပြောပါတယ်။ “သေဆုံးသူက ၃ ယောက် အတည်ပြုလို့ရတယ်၊ ဒဏ်ရာရသူက အယောက်၂၀ လောက်ရှိတယ်။ အဖမ်းခံရသူလည်း ၂၀ လောက်ရှိတယ်။ သူတို့က ကျည်အစစ်နဲ့ရော၊ ရာဘာကျည်တွေနဲ့ရော အကြမ်းပတမ်း ပစ်ခတ်ဖြိုခွင်းတာ” လို့ ပြောပါတယ်။ လုံခြုံရေးအင်အား ၆၀ ဝန်းကျင်လောက်နဲ့ လမ်းဆုံကြီး၊ ဒေါင်းငူဈေးနား၊ တားကြီး သုံးနေရာမှာ အင်အားသုံးပြီး ကျည်အစစ်တွေရော၊ ရာဘာကျည်တွေနဲ့ပါ ပစ်ခတ်ခဲ့တာဖြစ်ပြီး တချို့နေရာတွေမှာ သွေးကွက်တွေ အများအပြား တွေ့ရတယ်လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။ [ ]


Latest News
Hashtags:   

ထားဝယ်

 | 

ဆန္ဒပြပွဲကို

 | 

ရဲနှင့်စစ်တပ်က

 | 

ပစ်ခတ်ဖြိုခွင်း၊

 | 

ဦးသေဆုံးပြီး

 | 

ဒဏ်ရာရ

 | 

Sources