Wednesday 21 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

ကောလင်းတွင် စစ်အာဏာရှင်အလိုမရှိကြောင်း လူ ၅၀၀၀ ခန့် ဆန္ဒပြ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၂၇ ရက်မှာကျင်းပတဲ့ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြပွဲမှာ  ပြည်သူအင်အား ၅,၀၀၀ ခန့် ပါဝင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။  မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ကန့်ကွက်ဆန္ဒပြမှုတွေ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ အကြမ်းဖက်ဖြိုခွင်းတာ ဖမ်းဆီးတာတွေရှိနေပေမယ့် ကောလင်းမြို့နယ်မှာတော့ သပိတ်ဖြိုခွင်းတာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။ ကောလင်းမြို့နယ်မှာ စစ်အာဏာရှိစနစ်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုတွေကို ဖေဖော်ဝါရီ ၈ ရက်ကစပြီး နေ့စဥ် ဆန္ဒပြပြည်သူ သောင်းနဲ့ချီပါဝင်ခဲ့သလို ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာတော့ လူဦးရေ ၁ သိန်းလောက်အထိ ပါဝင်ခဲ့​ပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာတော့ ပညာရေးဌာန၊ ရှေ့နေများအဖွဲ့၊ သစ်ထုတ်လုပ်ရေးဌာန၊မြေ စာရင်းဌာန၊ မီးရထားဌာနတွေ ပါဝင်ခဲ့ပြီး တောင်သူလယ်သမားသမဂ္ဂအဖွဲ့နဲ့ ဆန်စက်နဲ့ ဆန်ကုန်သည်အဖွဲ့တွေလည်း သပိတ်မှာ ပါဝင်ခဲ့ပါတယ်။


Latest News
Hashtags:   

ကောလင်းတွင်

 | 

စစ်အာဏာရှင်အလိုမရှိကြောင်း

 | 

ဆန္ဒပြ

 | 

Sources