Wednesday 21 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

အရပ်သားပြည်သူများအပေါ် ပစ်ခတ်တိုက်ခိုက်မှု စက်ဆုပ်ရွံရှာဖွယ်ဟု အမေရိကန်သံရုံး ကြေညာ

မြန်မာ့နွေဦးတော်လှန်ရေးမှာ ပါဝင်လှုပ်ရှားနေကြတဲ့ အရပ်သားပြည်သူတွေအပေါ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်မှတ်ထား ဖြိုခွင်းတာဟာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကြေညာပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံအတွင်း အသက်ပေါင်းများစွာ ဆုံးရှုံးနေရတာကို မြင်တွေ့ရတဲ့အတွက် စိတ်နှလုံး ထိခိုက်ကြေကွဲရကြောင်း၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တာကြောင့် ပြည်သူလူထုအနေနဲ့ အကြမ်းဖက်မခံရသင့်ကြောင်းနဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတာဟာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်ကြောင်း ဖော်ပြထားခဲ့တာပါ။ ၂ ငါးလုံးအထွေထွေသပိတ်အပြီး ဒုတိယအကြိမ်မြောက် ပြည်လုံးကျွတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲအနေနဲ့ Milk Tea Alliance လှုပ်ရှားမှုကို မြန်မာနဲ့ အတူ ထိုင်း၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ထိုင်ဝမ် စတဲ့ နိုင်ငံတွေမှာပါ ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်ကျည်၊ ရာဘာကျည်၊ မီးခိုးဗုံး၊ လေးခွတွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့ကြတဲ့အတွက် စုစုပေါင်း [ ]


Latest News
Hashtags:   

အရပ်သားပြည်သူများအပေါ်

 | 

ပစ်ခတ်တိုက်ခိုက်မှု

 | 

စက်ဆုပ်ရွံရှာဖွယ်ဟု

 | 

အမေရိကန်သံရုံး

 | 

ကြေညာ

 | 

Sources