Friday 14 December 2018
Home      All news      Contact us      English
voanews - 9 days ago

စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်

လာမယ့် တနင်္လာနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ ကြိုးပမ်းနေတဲ့ အရပ်သား အစိုးရလက်ထက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အကာအကွယ် ပေးနိုင်အောင် ဘယ်လောက်အထိ စွမ်းဆောင်နိုင်ခဲ့ပြီးပါပြီလဲ၊ ဒီမိုကရေစီ ထွန်းကားရေးကို ဘယ်လိုလူတွေ၊ ဘယ်လိုအရာတွေက အဟန့်အတား ဖြစ်နေပါသလဲ၊ ဆိုတာတွေကို ဗွီအိုအေရဲ့ ဒီဇင်ဘာ ၈၊ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးကြရအောင်ပါ။ ဒီမိုကရေစီရေး မျှော်မှန်းချက်တွေနဲ့ လက်တွေ့ကြုံနေရတဲ့ အခြေအနေတွေအပေါ် သောတရှင်တွေရဲ့ သဘောထား အမြင်တွေကိုလည်း ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ပါဝင်ဆွေးနွေး မေးမြန်းလိုသူတွေ အနေနဲ့ ဗွီအိုအေရဲ့ဖုန်းနံပတ် ၁-၂၀၂-၃၈၂-၅၅၅၄ ကို ခေါ်ယူပြီး ဆက်သွယ်ရမယ့် တယ်လီဖုန်း နံပတ်ကို ကြိုတင်ပေးပို့ထားနိုင်ပါတယ်။ ကိုယ်တိုင် မပါဝင်နိုင်သူတွေ အနေနဲ့လည်း အီးမေးလ်နဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ဗွီအိုအေရဲ့ အီးမေးလ်လိပ်စာ burmese@voanews.com ကိုကြိုတင်ပေးပို့ ထားနိုင်သလို၊ ဗွီအိုအေရဲ့ Facebook စာမျက်နှာမှာလည်း မှတ်ချက်တွေ ကြိုတင်ရေးသား ပေးပို့ထားနိုင်ပါတယ်။ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်က ကြိုဆိုပါတယ်။

Related news

Latest News
Hashtags:   

စနေနေ့ည

 | 

တိုက်ရိုက်လေလှိုင်း

 | 

အစီအစဉ်

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources