Wednesday 27 May 2020
Home      All news      Contact us      English
voanews - 7 days ago

ကုိဗစ္ေၾကာင့္ ၿဗိတိန္မွာ အလုပ္လက္မဲ့ခံစားခြင့္ေလွ်ာက္သူ ၂၅ ႏွစ္အတြင္း အမ်ားဆုံးျဖစ္လာ

Zawgyi/Unicode ကိုရိုနာဗုိင္းရပ္စ္ ကပ္ေရာဂါဒဏ္ခံရတာေၾကာင့္ ၿဗိတိန္ႏုိင္ငံမွာ အလုပ္လက္မဲ့ခံစားခြင့္ ေလွ်ာက္ထားသူဟာ ဧၿပီလမွာ ၈၅၆,၀၀၀ ရွိခဲ့တာေၾကာင့္ ဒါဟာ ႏွစ္ေပါင္း ၂၅ အတြင္း အမ်ားဆံုး ျဖစ္သြားတာပါ။ အလုပ္လက္မဲ့ခံစားခြင့္ ေလွ်ာက္ထားသူအေတာ္မ်ားေနတာကို ၾကည့္ရင္ ၿဗိတိန္ႏိုင္ငံအတြင္း အလုပ္ေတြပိတ္ပစ္ရၿပီး လူေတြ အလုပ္လက္မဲ့ ျဖစ္သြားေအာင္ ဒီကပ္ေရာဂါက ဘယ္လုိလုပ္ခဲ့တယ္ ဆိုတာကို ျပေနတာပါ။ ဧၿပီလထဲမွာ ခံစားခြင့္ ေလွ်ာက္ထားသူဟာ ၁၉၉၆ ခုႏွစ္ကေနစၾကည့္ရင္ အမ်ားဆံုး ျဖစ္ခဲ့ၿပီး အလုပ္လက္မဲ့ ဦးေရ ၂.၁ သန္း ျဖစ္သြားၿပီလို႔ ႏိုင္ငံေတာ္ စာရင္းအင္းဌာန ONS က အဂၤါေန႔မွာ ထုတ္ျပန္ပါတယ္္။ ၿဗိတိသွ်အစိုးရက အလုပ္သမားေတြကို လခစိုက္ထုတ္ေပးတဲ့ အစီအစဥ္ ခ်မွတ္ခဲ့တာေၾကာင့္ အခုေလာက္ ခံသာတာျဖစ္ၿပီး တကယ္လုိ႔ ဒီအစီစဥ္သာ ခ်မေပးခဲ့ရင္ ၿဗိတိန္အလုပ္လက္မဲ့ျဖစ္တဲ့ အေျခေနဟာ အခုထက္ ပိုဆိုးႏုိင္တယ္လုိ႔ စီးပြါးေရးပညာရွင္ေတြက ခန္႔မွန္း ႀကပါတယ္။ ၿဗိတိန္ႏိုင္ငံမွာ မတ္လတုန္းက အလုပ္လက္မဲ့ႏႈန္းက ၃.၉ % ရွိခဲ့ၿပီး ႏိုင္ငံ့စီးပါြးေရးက ၁၀% ေလာက္က်သြားမယ္လုိ႔ စီးပြါးေရး ပညာရွင္ေတြက ခန္႔မွန္းၾကပါတယ္။ အေမရိကန္ႏုိင္ငံမွာေတာ့ ဧၿပီလထဲမွာ အလုပ္လက္မဲႏႈန္း ၁၄.၇ % အထိ ျဖစ္သြားခဲ့ၿပီး လာမယ့္ လေတြမွာ ဒီထက္ ပိုမ်ားလာႏိုင္တယ္လို႔ ခန္႔မွန္းေနၾကတာပါ။ [Unicode] ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ်ခံရတာကြောင့် ဗြိတိန်နိုင်ငံမှာ အလုပ်လက်မဲ့ခံစားခွင့် လျှောက်ထားသူဟာ ဧပြီလမှာ ၈၅၆,၀၀၀ ရှိခဲ့တာကြောင့် ဒါဟာ နှစ်ပေါင်း ၂၅ အတွင်း အများဆုံး ဖြစ်သွားတာပါ။ အလုပ်လက်မဲ့ခံစားခွင့် လျှောက်ထားသူအတော်များနေတာကို ကြည့်ရင် ဗြိတိန်နိုင်ငံအတွင်း အလုပ်တွေပိတ်ပစ်ရပြီး လူတွေ အလုပ်လက်မဲ့ ဖြစ်သွားအောင် ဒီကပ်ရောဂါက ဘယ်လိုလုပ်ခဲ့တယ် ဆိုတာကို ပြနေတာပါ။ ဧပြီလထဲမှာ ခံစားခွင့် လျှောက်ထားသူဟာ ၁၉၉၆ ခုနှစ်ကနေစကြည့်ရင် အများဆုံး ဖြစ်ခဲ့ပြီး အလုပ်လက်မဲ့ ဦးရေ ၂.၁ သန်း ဖြစ်သွားပြီလို့ နိုင်ငံတော် စာရင်းအင်းဌာန ONS က အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။ ဗြိတိသျှအစိုးရက အလုပ်သမားတွေကို လခစိုက်ထုတ်ပေးတဲ့ အစီအစဉ် ချမှတ်ခဲ့တာကြောင့် အခုလောက် ခံသာတာဖြစ်ပြီး တကယ်လို့ ဒီအစီစဉ်သာ ချမပေးခဲ့ရင် ဗြိတိန်အလုပ်လက်မဲ့ဖြစ်တဲ့ အခြေနေဟာ အခုထက် ပိုဆိုးနိုင်တယ်လို့ စီးပွါးရေးပညာရှင်တွေက ခန့်မှန်း ကြပါတယ်။ ဗြိတိန်နိုင်ငံမှာ မတ်လတုန်းက အလုပ်လက်မဲ့နှုန်းက ၃.၉% ရှိခဲ့ပြီး နိုင်ငံ့စီးပါွးရေးက ၁၀% လောက်ကျသွားမယ်လို့ စီးပွါးရေး ပညာရှင်တွေက ခန့်မှန်းကြပါတယ်။ အမေရိကန်နိုင်ငံမှာတော့ ဧပြီလထဲမှာ အလုပ်လက်မဲနှုန်း ၁၄.၇ % အထိ ဖြစ်သွားခဲ့ပြီး လာမယ့် လတွေမှာ ဒီထက် ပိုများလာနိုင်တယ်လို့ ခန့်မှန်းနေကြတာပါ။  


Latest News
Hashtags:   

ကုိဗစ္ေၾကာင့္

 | 

ၿဗိတိန္မွာ

 | 

အလုပ္လက္မဲ့ခံစားခြင့္ေလွ်ာက္သူ

 | 

ႏွစ္အတြင္း

 | 

အမ်ားဆုံးျဖစ္လာ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources