Saturday 30 May 2020
Home      All news      Contact us      English
voanews - 8 days ago

ကုိဗစ္ေၾကာင့္စီးပြားထိခုိက္တဲ့ ဖြံ႔ၿဖိဳးဆဲႏုိင္ငံေတြကုိ ဂ်ပန္ကူညီမည္

Zawgyi/Unicode ကိုရိုနာဗိုင္းရပ္ ကပ္ေရာဂါတိုက္ဖ်က္ေရးနဲ႔ စီးပြားေရး ထိခိုက္ေနတာေတြမွာ အေထာက္အကူျဖစ္ေစဖို႔ ဖြံၿဖိဳးဆဲနိုင္ငံေတြကို ေဆးဘက္ ဆိုင္ရာပစၥည္းနဲ႔ ေငြေၾကး အကူအညီေတြေပးအပ္သြားဖို႔ ကမ္းလွမ္းသြားမယ္လို႔ ဂ်ပန္ ဝန္ႀကီးခ်ဳပ္ Shinzo Abe က ၾကာသပေတးေန႔က ေျပာလိုက္ပါ တယ္။ “ဂ်ပန္နိုင္ငံက ကိုရိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးမွာ ဖြံၿဖိဳးဆဲနိုင္ငံေတြကို ေဆးဘက္ဆိုင္ရာပစၥည္းေတြနဲ႔ နည္းပညာ ပူးေပါင္းေဆာင္ရြက္မႈ အကူအညီေတြေပးသြားပါမယ္။ စီးပြါးေရးလုပ္ငန္း ပုံမွန္ လည္ပတ္ႏုိင္ေရးနဲ႔ ျပန္လည္နာလန္ထူဖို႔ အေထာက္အကူ ျဖစ္ေစမယ့္ ဂ်ပန္ယန္းေငြ အေရးေပၚ ေခ်းေငြေတြလည္းေပးပါမယ္” - လို႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ABE က ေျပာတာပါ။ တူရကီ သမၼတ Recep Tayyip Erdogan တက္ေရာက္ခဲ့တဲ့ အစၥတန္ဘူၿမိဳ႕ ေဆး႐ုံဖြင့္ပြဲအတြက္ ဝန္ႀကီးခ်ဳပ္ Abe ကဗီဒီယိုကတဆင့္ ေျပာတဲ့ မိန္႔ခြန္းမွာ ဖြံ့ၿဖိဳးဆဲနိုင္ငံေတြကို အကူအညီ ေပးမယ့္အေၾကာင္း အခုလို ေျပာလိုက္တာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ COVID-19 ေရာဂါကုသဖို႔တူရကီကို တုပ္ေကြးေရာဂါ ကုသနိုင္တဲ့ Avigan ေဆးေတြ လႈဒါန္းမယ္လို႔ ဝန္ႀကီးခ်ဳပ္ Abe က ေျပာပါတယ္။ တ႐ုတ္နိုင္ငံမွာ COVID-19 ေရာဂါလကၡဏာ သိပ္မျပင္းထန္သူေတြနဲ႔ ေရာဂါလကၡဏာလုံး၀ မျပတဲ့ သူေတြ Avigan ေဆးကို အသုံးျပဳၿပီး ကုသတာအေျခအေနေကာင္းမြန္တာကို ေတြ႕ရတယ္လို႔ တ႐ုတ္တာဝန္ရွိသူေတြက ေျပာတဲ့ေနာက္ပိုင္း ဒီေဆးကို စိတ္ဝင္စားလာၾကတာပါ။ အခုလက္ရွိ ကမၻာ့ေနရာ ၁၆ ေနရာမွာ ဒီေဆးကို စမ္းသပ္ သုံးစြဲေနၾကပါတယ္။ ဂ်ပန္နိုင္ငံက ေဆး႐ုံေတြမွာ COVID-19 လူနာေတြ ကို Avigan ေဆးနဲ႔ကုသရာမွာ ရလဒ္ေတြက မေရမရာ ရွိေနဆဲျဖစ္ေပမဲ့ရရွိတဲ့ သတင္းအခ်က္အလက္ေတြအေပၚ အေျခခံၿပီး ဒီေဆးကို ဂ်ပန္အစိုးရက ေမလကုန္ ပိုင္းမွာ ခြင့္ျပဳမၿပ ဆုံးျဖတ္သြားမွာ ျဖစ္ပါတယ္။ #SinzoAbe / #Covid-19 / #Covid / #Avigan [Unicode] ကိုရိုနာဗိုင်းရပ် ကပ်ရောဂါတိုက်ဖျက်ရေးနဲ့ စီးပွားရေး ထိခိုက်နေတာတွေမှာ အထောက်အကူဖြစ်စေဖို့ ဖွံဖြိုးဆဲနိုင်ငံတွေကို ဆေးဘက် ဆိုင်ရာပစ္စည်းနဲ့ ငွေကြေး အကူအညီတွေပေးအပ်သွားဖို့ ကမ်းလှမ်းသွားမယ်လို့ ဂျပန် ဝန်ကြီးချုပ် Shinzo Abe က ကြာသပတေးနေ့က ပြောလိုက်ပါ တယ်။   “ဂျပန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ ဖွံဖြိုးဆဲနိုင်ငံတွေကို ဆေးဘက်ဆိုင်ရာပစ္စည်းတွေနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အကူအညီတွေပေးသွားပါမယ်။ စီးပွါးရေးလုပ်ငန်း ပုံမှန် လည်ပတ်နိုင်ရေးနဲ့ ပြန်လည်နာလန်ထူဖို့ အထောက်အကူ ဖြစ်စေမယ့် ဂျပန်ယန်းငွေ အရေးပေါ် ချေးငွေတွေလည်းပေးပါမယ်” - လို့ ဂျပန်ဝန်ကြီးချုပ် ABE က ပြောတာပါ။ တူရကီ သမ္မတ Recep Tayyip Erdogan တက်ရောက်ခဲ့တဲ့ အစ္စတန်ဘူမြို့ ဆေးရုံဖွင့်ပွဲအတွက် ဝန်ကြီးချုပ် Abe ကဗီဒီယိုကတဆင့် ပြောတဲ့ မိန့်ခွန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အကူအညီ ပေးမယ့်အကြောင်း အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် COVID-19 ရောဂါကုသဖို့တူရကီကို တုပ်ကွေးရောဂါ ကုသနိုင်တဲ့ Avigan ဆေးတွေ လှုဒါန်းမယ်လို့ ဝန်ကြီးချုပ် Abe က ပြောပါတယ်။ တရုတ်နိုင်ငံမှာ COVID-19 ရောဂါလက္ခဏာ သိပ်မပြင်းထန်သူတွေနဲ့ ရောဂါလက္ခဏာလုံး၀ မပြတဲ့ သူတွေ Avigan ဆေးကို အသုံးပြုပြီး ကုသတာအခြေအနေကောင်းမွန်တာကို တွေ့ရတယ်လို့ တရုတ်တာဝန်ရှိသူတွေက ပြောတဲ့နောက်ပိုင်း ဒီဆေးကို စိတ်ဝင်စားလာကြတာပါ။ အခုလက်ရှိ ကမ္ဘာ့နေရာ ၁၆ နေရာမှာ ဒီဆေးကို စမ်းသပ် သုံးစွဲနေကြပါတယ်။ ဂျပန်နိုင်ငံက ဆေးရုံတွေမှာ COVID-19 လူနာတွေ ကို Avigan ဆေးနဲ့ကုသရာမှာ ရလဒ်တွေက မရေမရာ ရှိနေဆဲဖြစ်ပေမဲ့ရရှိတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံပြီး ဒီဆေးကို ဂျပန်အစိုးရက မေလကုန် ပိုင်းမှာ ခွင့်ပြုမပြ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။   #SinzoAbe / #Covid-19 / #Covid / #Avigan  


Latest News
Hashtags:   

ကုိဗစ္ေၾကာင့္စီးပြားထိခုိက္တဲ့

 | 

ဖြံ႔ၿဖိဳးဆဲႏုိင္ငံေတြကုိ

 | 

ဂ်ပန္ကူညီမည္

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources