Thursday 1 October 2020
Home      All news      Contact us      RSS      English
voanews - 2 month ago

နံနက်ပိုင်း ၆း၀၀-၇:၀၀

ဒီကနေ့မနက်အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေနဲ့အတူ - ရသေ့တောင်မြို့နယ်အတွင်း စစ်တပ်နဲ့ ပူးတွဲစစ်ကြောင်း တိုက်ခိုက်ခံလိုက်ရတာ၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ အဝေးရောက်မဲပေးနိုင်ရေး ဖောင်ဖြည့်ရမယ့် ကန့်သတ်ရက် ကုန်ခါနီးပြီမို့ အချိန်မှိ လုပ်ဆောင်ကြဖို့ မြန်မာသံရုံးက တိုက်တွန်းနေတာ၊ ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ အမေရိကန်အောက်လွှတ်တော်မှာ တနင်္လာနေ့က ကြားနာပွဲတခု ကျင်းပခဲ့တာ၊ အမေရိက်ရောက် အာဖရိကနွယ်ဖွားတွေနဲ့ အနီးဝန်းကျင်ကလူတွေကို ကူညီဖို့ ဆေးဆိုင်တခုကို ဖွင့်လှစ် ရောင်းချနေတဲ့အကြောင်း၊ အမေရိကန်မှာ လူမျိုးရေးခွဲခြားဆက်ဆံမှုနဲ့ ဆက်နွယ်တဲ့ နိုင်ငံရေး တင်းမာမှုတွေ ဖြစ်ပေါ်နေချိန်မှာဘဲ နိုင်ငံရေးထဲဝင်လာတဲ့ လူမည်း အမျိုးသမီးဦးရေ တိုးလာနေတဲ့အကြောင်း စတဲ့ သတင်းလွှာတွေနဲ့ အတူ ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြကြတဲ့ မြန်မာနိုင်ငံအကြောင်း သတင်း ဆောင်းပါးတွေကိုလည်း နားဆင်ကြရဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်တဲ့အခါမှာတော့ - မြန်မာတခွင်၊ စီးပွားရေးကဏ္ဍ၊ သက်တံရောင်သတင်းလွှာ၊ အင်္ဂလိပ်စာပို့ချချက် စတာတွေကို နားဆင်ကြရဖို့ ရှိပါတယ်။ ဗွီအိုအေကို အားပေး နားဆင် ကြည့်ရှုကြတဲ့အတွက် ကျေးဇူး အထူးတင်ရှိပါတယ်။


Latest News
Hashtags:   

နံနက်ပိုင်း

 | 

Sources