Wednesday 3 March 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 1 month ago

မအူပင်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အစိုးရသစ်ကို ပါတီအလံများ လွှင့်ထူထောက်ခံ

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီအစိုးရသစ်ကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် နေရာအနှံ့မှာ အန်အယ်လ်ဒီပါတီအလံတွေ လွှင့်ထူခဲ့ကြတယ်လို့ သိရပါတယ်။ မအူပင်မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ နေအိမ်တွေ၊ ဈေးဆိုင်တွေရဲ့ရှေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအလံထောင်တာတွေ ဆိုက်ကား၊ ဆိုင်ကယ်နဲ့ ကား စတဲ့ ယာဉ်တွေမှာ အလံတွေတပ်ဆင်ပြီး ထောက်ခံကြိုဆိုခဲ့ကြတာပါ။ မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာမှ ဆိုင်ကယ်ကယ်ရီပို့ဆောင်သူ ကိုမြဝင်းက “ကျွဲဒုံးကျေးရွာ ဆိုင်ကယ်ယာဉ်မောင်းတွေကလည်း ဒီကနေ့ ဆိုင်ကယ်ကယ်ရီမောင်းနှင် ပို့ဆောင်မှုအတွက် ကျွဲဒုံးကျေးရွာက ခရီးသွားပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ်ကို ထောက်ခံတဲ့အနေနဲ့ အခမဲ့လိုရာခရီးကို လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။ ဒါပြင် မအူပင်မြို့နယ်အတွင်းက မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေက လက်ဖက်ရည်ဆိုင်နဲ့ ခေါက်ဆွဲဆိုင်တွေမှာ စတုဒိသာ ကျွေးမွေးတာတွေနဲ့ ဆိုင်ကယ်ကယ်ရီနဲ့ အဌားကား Taxi တွေကလည်း [ ]


Latest News
Hashtags:   

မအူပင်တွင်

 | 

ဒေါ်အောင်ဆန်းစုကြည်

 | 

ဦးဆောင်သည့်အစိုးရသစ်ကို

 | 

ပါတီအလံများ

 | 

လွှင့်ထူထောက်ခံ

 | 

Sources