Monday 8 March 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 1 month ago

မင်းကင်း ချင်းတွင်းမြစ်ကြောင်းတွင် လောင်စာဆီတင် ကုန်တင်ရေယာဉ်တိမ်းမှောက်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ရှားတောကျေးရွာအနီးမှာ ဇန်နဝါရီ ၂၄ ရက်နေ့က လောင်စာဆီတင်လာတဲ့ ကုန်တင်ရေယာဉ် ၁ စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။ မျိုးကျော်သူအမည်ရှိ ကုန်တင်ရေယာဉ်ဟာ မုံရွာမြို့ကနေ ချင်းတွင်းမြစ်အထက်ပိုင်းကို ဆန်တက်ရာမှာ ကျောက်ဆွယ်နဲ့ပွတ်တိုက်မိပြီး တိမ်းမှောက်ခဲ့ရတာလို့ မင်းကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးဆန်းဗိုလ်က ပြောပါတယ်။ “ရေယာဉ်က အထက်ပိုင်းကို လောင်စာဆီသွားပို့တာဆိုတော့ လောင်စာဆီပေပါတွေ အများဆုံး တင်လာတာ။ ဖြစ်တာကတော့ ရှားတောနားမှာ ကျောက်ဆွယ်နဲ့ ပွတ်တိုက်ပြီး မှောက်သွားတာပေါ့။ လူကတော့ အထိခိုက်မရှိပါဘူး။” တိမ်းမှောက်ခဲ့တဲ့ ကုန်ရေယာဉ်မှာ လောင်စာဆီပေပါ ၂၁၇ လုံး ပါရှိပြီး အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ လိုက်ပါလာတယ်လို့ သိရပါတယ်။ ရေယာဉ်တိမ်းမှောက်မှုကို မင်းကင်းမြို့နယ် အထွေထွေအုပ်၊ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ၊ [ ]


Latest News
Hashtags:   

မင်းကင်း

 | 

ချင်းတွင်းမြစ်ကြောင်းတွင်

 | 

လောင်စာဆီတင်

 | 

ကုန်တင်ရေယာဉ်တိမ်းမှောက်

 | 

Sources