Wednesday 3 March 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 1 month ago

အက်ဖ်အေဖလားတွင် မန်ယူနိုက်တက်က လီဗာပူးကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရ

မနေ့ညက ကစားသွားခဲ့တဲ့ အက်ဖ်အေဖလားစတုတ္ထပွဲစဉ်မှာ မန်ယူအသင်းက လီဗာပူးကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး ပဉ္စမအဆင့်တက်ရောက်သွားပါတယ်။  ရှုံးထွက်ပွဲစဉ်ဖြစ်တာနဲ့အညီ နှစ်သင်းစလုံး တိုက်စစ်ဖွင့်ကစားသွားခဲ့ကြလို့ အကြိတ်အနယ်ရှိခဲ့ပြီး ဂိုးတွေလည်း အပြန်အလှန်သွင်းခဲ့ကြတာပါ။ ပွဲချိန် ၁၈ မိနစ်မှာ ဆာလက်က လီဗာပူးအတွက်ဦးဆောင်ဂိုး စတင်သွင်းယူခဲ့ပေမယ့် ဂရင်းဝုဒ်က ပွဲချိန် ၂၆ မိနစ်မှာ ချေပဂိုးသွင်းပေးခဲ့ပါတယ်။ အဲဒီနောက် ဒုတိယပိုင်းအစမှာ ရက်ရှ်ဖို့ဒ်က ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ၅၈ မိနစ်မှာ ဆာလက်က ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ ယူနိုက်တက်အတွက်အနိုင်ဂိုးကိုတော့ လူစားဝင်ကစားသမား ဖာနန်ဒက်စ်က ဖရီးကစ်ကနေ တိုက်ရိုက်ကန်သွင်းခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပဉ္စမအဆင့်မှာတော့ ဝက်စ်ဟမ်းအသင်းနဲ့ အိမ်ကွင်းမှာ လက်ခံကစားသွားရမှာဖြစ်ပါတယ်။


Latest News
Hashtags:   

အက်ဖ်အေဖလားတွင်

 | 

မန်ယူနိုက်တက်က

 | 

လီဗာပူးကို

 | 

ဂိုးဖြင့်

 | 

အနိုင်ရ

 | 

Sources