Monday 8 March 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 1 month ago

ပြည်ထောင်စုအဆင့်အစိုးရအဖွဲ့တွင် တိုင်းရင်းသားများပါဝင်ရန် အန်အယ်လ်ဒီ မျှော်လင့်

တိုင်းရင်းသားပါတီတွေနဲ့ တွေဆုံဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ ပြန်သုံးသပ်နေပြီး ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့မှာ တိုင်းရင်းသားတွေ ပါဝင်လာနိုင်ဖို့ မျှော်လင့်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီပါတီ)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဥက္ကဋ္ဌ ၂ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ ဇန်နဝါရီ ၂၄ ရက်က နေပြည်တော်ရှိ အန်အယ်လ်ဒီပါတီ ယာယီဌာနချုပ်မှာ ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲအတွင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့တာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲအပြီး အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေး ဆွေးနွေးဖို့ ကချင်၊ ကယား၊ မွန်နဲ့ ရှမ်းပြည်နယ်ကို သွားရောက်ခဲ့ပြီး ရွေးကောက်ပွဲ အနိုင်ရတိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံနိုင်ခဲ့ပေမဲ့ မွန်ပြည်နယ်နဲ့ ကယားပြည်နယ်မှာတော့ တွေ့ဆုံဖို့နေရာရွေးချယ်ရာမှာ သဘောတူညီမှုမရလို့ မအောင်မမြင် ဖြစ်ခဲ့ပါတယ်။ ဒေါက်တာဇော်မြင့်မောင်က “အောင်မြင်တာ ၂ ခုပေါ့။ [ ]


Latest News
Hashtags:   

ပြည်ထောင်စုအဆင့်အစိုးရအဖွဲ့တွင်

 | 

တိုင်းရင်းသားများပါဝင်ရန်

 | 

အန်အယ်လ်ဒီ

 | 

မျှော်လင့်

 | 

Sources