Wednesday 3 March 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 1 month ago

ရီးရဲလ်ကွင်းလယ်လူ အိုဒီဂတ်ကို အာဆင်နယ် အငှားခေါ်ယူမည်

အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ အိုဒီဂတ်ကို ခေါ်ယူဖို့ သဘော တူညီမှု ရယူနိုင်ခဲ့ပြီလို့ သိရပါတယ်။ အသက် ၂၂ နှစ်ရှိ နော်ဝေကွင်းလယ်တိုက်စစ်ကစားသမား အိုဒီဂတ်အနေနဲ့ မကြာခင်မှာ အာဆင်နယ်နဲ့ အငှားစာချုပ်ချုပ်ဆိုတော့မှာပါ။ အငှားခေါ်ယူခအနေနဲ့ ၂ ဒသမ ၅ သန်းအား အာဆင်နယ်က ရီးရဲလ်အသင်းကို ပေးရမှာဖြစ်သလို အိုဒီဂတ်ရဲ့လုပ်ခကိုလည်း ပေးရမှာ ဖြစ်ပါတယ်။  မနှစ်က ဆိုစီဒက်အသင်းမှာ အငှားထွက်ကစားခဲ့တဲ့ အိုဒီဂတ်ဟာ ရီးရဲလ်အသင်းရဲ့ ရာသီအစပွဲစဉ်တွေမှာ ကစားခွင့်ရခဲ့ပေမဲ့ နောက်ပိုင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံးသွားခဲ့တာပါ။ အာဆင်နယ်အသင်းဟာ ကွင်းလယ်ကစားသမား ဆီဘယ်ယော့ကိုလည်း ရီးရဲလ်မက်ဒရစ်ကနေ ဒုတိယအကြိမ် အငှားခေါ်ယူထားပါတယ်။


Latest News
Hashtags:   

ရီးရဲလ်ကွင်းလယ်လူ

 | 

အိုဒီဂတ်ကို

 | 

အာဆင်နယ်

 | 

အငှားခေါ်ယူမည်

 | 

Sources