Wednesday 3 March 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 1 month ago

ရှေ့နေ ဦးကြီးမြင့်၏ “ရှစ်လေးလုံး အရေးတော်ပုံကြီးနှင့် ယနေ့မြန်မာ့နိုင်ငံရေး” စာအုပ် မိတ်ဆက်

ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် ရေးသားတဲ့ “ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့် ယနေ့ မြန်မာ့နိုင်ငံရေး” စာအုပ်မိတ်ဆက်ပွဲကို ဇန်နဝါရီ ၂၅ ရက်က ရန်ကုန်မြို့ Pen Myanmar ရုံးခန်းမှာ ကိုဗစ်-၁၉ စည်းကမ်းတွေနဲ့အညီ ကျင်းပပါတယ်။ ရှစ်လေးလုံးကာလကို ဥပဒေသမားတစ်ယောက်ရဲ့အမြင်နဲ့ ရေးသားဖော်ပြထားတဲ့ ဒီစာအုပ်မှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေးနည်းလမ်းတွေကိုလည်း ဖော်ပြထားပါတယ်။ “၂၀၀၈ ဖွဲ့စည်းပုံကို ဘယ်လိုနည်းလမ်းနဲ့ ပြင်ဆင်နိုင်မယ်၊ အသစ်ပြန်ရေးမယ်ဆိုရင် ဘယ်လိုနည်းလမ်းနဲ့ အသစ် ရေးဆွဲရမယ်ဆိုတာတွေကို ရေးထားပါတယ်။ လူငယ်ပရိသတ်တွေ လက်ထဲကို ရောက်စေချင်ပါတယ်။ သမိုင်းအမှန်ကို လူငယ်တွေကို သိစေချင်ပါတယ်။ ရှစ်လေးလုံးကာလနဲ့ပတ်သက်ပြီး လူသိနည်းနေသေးတဲ့ အကြောင်းအရာတွေကိုလည်း ရေးထားပါတယ်” လို့ ဦးကြီးမြင့်က ပြောပါတယ်။ စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ရှစ်လေးလုံးမျိုးဆက်တစ်ဦးဖြစ်တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ဒေါက်တာခင်မောင်ညို၊ ဒေါက်တာဒေါ်ညိုညိုသင်း၊ ဦးဝင်းထွဋ်ဇော်တို့လို နိုင်ငံရေးသမားတွေနဲ့ [ ]


Latest News
Hashtags:   

ရှေ့နေ

 | 

ဦးကြီးမြင့်၏

 | 

“ရှစ်လေးလုံး

 | 

အရေးတော်ပုံကြီးနှင့်

 | 

ယနေ့မြန်မာ့နိုင်ငံရေး”

 | 

စာအုပ်

 | 

မိတ်ဆက်

 | 

Sources