Monday 8 March 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 1 month ago

တပ်မတော်က တိုင်းပြည်ကိုကယ်တင်ရန် တိုက်တွန်းပွဲ နေပြည်တော်၌ ကျင်းပရန်စီစဉ်နေ

တပ်မတော်က တိုင်းပြည်ကို ကယ်တင်ပေးဖို့  ရဟန်းရှင်/လူပြည်သူလူထုတရပ်လုံးမှ တာဝန်ပေးအပ်ထားတဲ့ တိုင်းပြုပြည်ပြုလူထုတွေ့ဆုံဆွေးနွေးပွဲကြီးတစ်ခု နေပြည်တော်မှာ ကျင်းပဖို့ အမျိုးသားရေးလှုပ်ရှားသူတွေက စီစဉ်နေပါတယ်။ လူထုတွေ့ဆုံဆွေးနွေးပွဲကြီးအပြင် တိုင်းပြုပြည်ပြု အထိမ်းအမှတ်ကျောက်တိုင်ကိုလည်း နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရှေ့မှာ စိုက်ထူသွားဖို့ရှိနေတယ်လို့ အခမ်းအနား အစီအစဉ်အရ သိရပါတယ်။ အခမ်းအနားကျင်းပမယ့် ဇေယျာသီရိမြို့နယ်၊ သပြေပင်ရွာထိပ်မှာတော့ မိတ္ထီလာမြို့နယ် ရဲတပ်ရင်းတစ်ခုမှ အင်အား ၃၀ ရှိ ရဲတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက လုံခြုံရေးယူထားကြပါတယ်။ အဆိုပါနေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိတဲ့ မျိုးချစ်တပ်မတော်မှ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ တိုင်းပြည်ကို ကယ်တင်ပေးပါရန် ရဟန်းရှင်/လူပြည်သူလူထုတစ်ရပ်လုံးမှ တာဝန် ပေးအပ်ထားတဲ့ တိုင်းပြုပြည်ပြု လူထုတွေ့ဆုံဆွေးနွေးပွဲကြီးနဲ့ တိုင်းပြုပြည်ပြု အထိမ်းအမှတ်ကျောက်တိုင်စိုက်ထူပွဲကို ဇန်နဝါရီ ၂၉ ရက်မှာ ပြုလုပ်ကြမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလူထုတွေ့ဆုံဆွေးနွေးပွဲနဲ့ ကျောက်တိုင်စိုက်ထူပွဲကို [ ]


Latest News
Hashtags:   

တပ်မတော်က

 | 

တိုင်းပြည်ကိုကယ်တင်ရန်

 | 

တိုက်တွန်းပွဲ

 | 

နေပြည်တော်၌

 | 

ကျင်းပရန်စီစဉ်နေ

 | 

Sources