Wednesday 3 March 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 1 month ago

DMG သတင်းဌာနအယ်ဒီတာနှင့် သတင်းထောက်ကို တပ်မတော်က ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်

ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် Development Media Group(DMG) သတင်းဌာနမှ တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနဲ့ သတင်းထောက်မနှင်းနွယ်တို့ကို တပ်မတော်က ဆက်သွယ်ရေး ပုဒ်မ-၆၆(ဃ)နဲ့ အမှုဖွင့်လှစ်ထားပါတယ်။  သတင်းမမှန်မကန် ဖော်ပြတယ်ဆိုပြီး ဇန်နဝါရီလ ၂၃ ရက်က စစ်တွေမြို့ အမှတ် (၂)နယ်မြေရဲစခန်းမှာ ဆက်သွယ်ရေး ပုဒ်မ-၆၆(ဃ)နဲ့ အမှုဖွင့်လှစ်ထားတာလို့ DMG သတင်းဌာနမှ တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံက ပြောပါတယ်။ တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံက “ကျနော်တို့ DMG သတင်းဌာနက ဇန်နဝါရီလ ၁၀ ရက်နေ့မှာဖော်ပြခဲ့တဲ့ ကျောက်တော်မြို့နယ် မာလာကျေးရွာသတင်းနဲ့ ပတ်သက်ပြီးတော့ အမှုဖွင့်တာလို့ ကျနော်တို့သိရတယ်၊ အဲဒီသတင်းကိုရေးတဲ့ သတင်းထောက်နှင်းနွယ်ရယ်၊ ကျနော့်ကိုလည်း တာဝန်ရှိတယ် ဆိုပြီးတော့ တာဝန်ခံအနေနဲ့ဖွင့်တာလို့ သိရတယ်။ နှစ် ယောက်လုံး ကိုတော့ ၆၆(ဃ)နဲ့ အမှုဖွင့်ထားတယ်ပေါ့နော်။ [ ]


Latest News
Hashtags:   

သတင်းဌာနအယ်ဒီတာနှင့်

 | 

သတင်းထောက်ကို

 | 

တပ်မတော်က

 | 

ဆက်သွယ်ရေးဥပဒေဖြင့်

 | 

အမှုဖွင့်

 | 

Sources