Wednesday 3 March 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 1 month ago

ပြောင်းလဲမှုလုပ်ရန် လမ်းပတ်ကို ထုတ်ပယ်ခဲ့ခြင်းဖြစ်ဟု ချဲလ်ဆီး အသင်းပိုင်ရှင်ပြော

ချဲလ်ဆီးအသင်းကို မဖြစ်မနေ ပြောင်းလဲမှုလုပ်ရမယ့်အချိန်ဖြစ်လို့ နည်းပြလမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ကြောင်း အသင်းပိုင်ရှင် အေဗရာမိုဗစ်က ပြောပါတယ်။ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၈ ပွဲမှာ ၂ ပွဲသာအနိုင်ရခဲ့ပြီး ၅ ပွဲရှုံး ၁ ပွဲသရေကျခဲ့လို့ အမှတ်ပေးဇယားမှာ အဆင့် ၉ နေရာ အထိ ကျဆင်းသွားခဲ့ရပါတယ်။ ဒါကြောင့် နည်းပြလမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပြီး လမ်းပတ်နဲ့ ပုဂ္ဂိုလ်ရေးအရ အလွန်ခင်မင်မှုရှိပေမယ့်လည်း ပြောင်းလဲရမယ့်အခြေအနေကြောင့် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ဗရာမိုဗစ်က အသင်းရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသားခဲ့တာပါ။ ဒါ့အပြင်  လမ်းပတ်ရဲ့ စွမ်းဆောင်ခဲ့မှုတွေအတွက် ကျေးဇူးတင်ကြောင်း၊ အသင်းရဲ့ စံပြကစားသမားအဖြစ် ဆက်ရှိနေမှာဖြစ်ကြောင်းနဲ့ အချိန်မရွေး အသင်းဆီ ပြန်လာနိုင်ကြောင်း အေဗရာမိုဗစ်က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောခဲ့တာပါ။  အသက် ၄၂ နှစ်ရှိ [ ]


Latest News
Hashtags:   

ပြောင်းလဲမှုလုပ်ရန်

 | 

လမ်းပတ်ကို

 | 

ထုတ်ပယ်ခဲ့ခြင်းဖြစ်ဟု

 | 

ချဲလ်ဆီး

 | 

အသင်းပိုင်ရှင်ပြော

 | 

Sources