Thursday 15 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

မြင်းမူမြို့လူထုက အာဏာသိမ်းစစ်ကောင်စီအား အရှိန်တိုးမြှင့်ကန့်ကွက် ဆန္ဒပြမည်

စစ်ကိုင်းတိုင်း မြင်းမူမြို့က ပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို အရှိန်ဟုန်တိုးမြှင့် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသွားမယ်လို့ မြို့ခံတွေက ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ပြည်သူ့ဆန္ဒကို လျစ်လျူရှုနေသမျှကာလပတ်လုံး သပိတ်တိုက်ပွဲ ဆင်နွှဲမှုတွေဟာ ဆက်လက်ဖြစ်ပေါ်နေမှာဖြစ်ပြီး တောင်းဆိုတာမရမချင်း နေ့စဉ်ဆက်တိုက် ပြုလုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ မြင်းမူမြို့ သပိတ်စစ်ကြောင်းမှ ‌ပါဝင်သူတစ်ဦးက “စစ်ကောင်စီအနေနဲ့ ပြည်သူ့ဆန္ဒကို လျစ်လျူရှုပြီး အကြမ်းဖက်နှိပ်ကွက်မှုတွေ လုပ်ဆောင်နေသမျှကာလပတ်လုံး သပိတ်တိုက်ပွဲတွေဟာလည်း ဖြစ်ပေါ်နေမှာပဲ။ တောင်းဆိုတာ မရမခြင်း နေ့စဉ်‌ လုပ်ဆောင်နေရမှာပဲ။ ကျနော်တို့ မြို့အနေနဲ့ CDM လည်း အောင်မြင်သလောက် ရှိနေတယ်။ ဒါကြောင့် ကျနော်တို့ဟာ သေချာပေါက် နိုင်ကို နိုင်ရမယ်လို့ ယုံကြည်ထားတယ်။ သပိတ်အရှိန်လည်း ဆက်လက်မြှင့်တင်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာတော့ မြင်းမူမြို့ရဲ့ [ ]


Latest News
Hashtags:   

မြင်းမူမြို့လူထုက

 | 

အာဏာသိမ်းစစ်ကောင်စီအား

 | 

အရှိန်တိုးမြှင့်ကန့်ကွက်

 | 

ဆန္ဒပြမည်

 | 

Sources