Monday 19 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

ရွေးကောက်ပွဲကော်မရှင်အသစ်နှင့် တွေ့ဆုံပွဲ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် မတက်

အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သစ်က ဖိတ်ကြားထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံအစည်းအဝေးပွဲကို တက်ရောက်မှာမဟုတ်ဘူးလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြောပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းယူခဲ့ပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမယ့် သောကြာနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နေပြည်တော်မှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာပါ။ ပါတီရဲ့မူဝါအရ အာဏာရှင်ကို လက်မခံတာကြောင့် ဆွေးနွေးပွဲတက်ရောက်မှာ မဟုတ်ဘူးလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။ “ရွေးကောက်ပွဲကော်မရှင်က ဖိတ်ကြားလာတယ်။ အခုဖိတ်ကြားတဲ့အပေါ်မှာ ပါတီမှာ တာဝန်ရှိတဲ့ ခေါင်းဆောင်တွေကို ဖုန်းနဲ့ပဲ သူတို့ရဲ့သဘောထားကို ရယူတဲ့အချိန်မှာ ပါတီရဲ့ မူဝါဒဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒကနေပြီးတော့ မည်သည့်အာဏာရှင်စနစ်ကိုမှ လက်မခံဘူးလေ၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်က အဲဒီလို ယုံကြည်တယ်။ ပြည်သူနဲ့ပဲ ထပ်တူရှိမယ်ဆိုတဲ့အတွက်မှာ အာဏာဆိုတာ [ ]


Latest News
Hashtags:   

ရွေးကောက်ပွဲကော်မရှင်အသစ်နှင့်

 | 

တွေ့ဆုံပွဲ

 | 

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်

 | 

Sources