Thursday 15 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

အာဏာသိမ်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ အလိုမရှိကြောင်း ညောင်လေးပင်တွင် ဆန္ဒပြ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ စစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး တွေကို အလိုမရှိကြောင်း ရပ်ကွက်၊ကျေးရွာတွေမှာ ဆန္ဒထုတ်ဖော်နေကြပါတယ်။ ညောင်လေးပင်မြို့ မြို့မ ၂ ရပ်ကွက်၊​ ရေ​ဖြူကန်ကျေးရွာနဲ့ မဒေါက်မြို့​ပေါ် ရပ်ကွက် တချို့မှာ အာဏာသိမ်း စစ်ကောင်စီကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ အလိုမရှိကြောင်း ဆန္ဒထုတ်ဖေါ်ခဲ့ ကြတာ ​ဖြစ်ပါတယ်။ မဒေါက်မြို့မှာလည်း အာဏာသိမ်း စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရပ်ကွက် ၁ နဲ့ ၂ က အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်သွား​တယ်။ ညောင်လေးပင်မြို့မှာလည်း အာဏာသိမ်း စစ်​ကောင်စီက ခန့်ထားတဲ့မြို့မ ၁ ရပ်ကွက်က အုပ်ချုပ်ရေးမှူးကတော့ နုတ်ထွက်သွားတယ်လို့ ဆန္ဒ​ပြရာမှာပါဝင်သူ​တွေက ​​ပြောပါတယ်။ ညောင်​လေးပင်​မြို့နယ်မှာ ကျေးရွာအုပ်စု ၆၁ အုပ်စု ရှိပြီ အာဏာသိမ်း စစ်ကောင်စီကခန့်အပ်ထားတဲ့ အုပ်ချုပ်​ရေးမှူး​တွေကို ကျေးရွာအုပ်စုအလိုက် ဆက်လက်ဆန္ဒဖေါ်ထုတ်သွားကြမယ်လို့ [ ]


Latest News
Hashtags:   

အာဏာသိမ်း

 | 

စစ်ကောင်စီခန့်

 | 

အုပ်ချုပ်ရေးမှူးများ

 | 

အလိုမရှိကြောင်း

 | 

ညောင်လေးပင်တွင်

 | 

ဆန္ဒပြ

 | 

Sources