Monday 19 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

ထိုင်းနိုင်ငံသို့ တရုတ်ထုတ် Sinovac ကိုဗစ်ကာကွယ်ဆေး ၂ သိန်း ပထမအသုတ် ရောက်ရှိ

ထိုင်းနိုင်ငံကို တရုတ်ထုတ် Sinovac ကိုဗစ်ကာကွယ်ဆေး ၂ သိန်း ပထမအသုတ် အနေနဲ့ ရောက်ရှိလာပြီလို့ နေးရှင်းသတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။ ဒီကာကွယ်ဆေးတွေကိုတော့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်းအိုချာနဲ့ ပြည်သူ့ ကျန်းမာရေးဝန်ကြီး အနုတင်ချန်ဗီရာကူလ်တို့က သုဝဏ္ဏဘူမိလေဆိပ်မှာ လက်ခံရယူခဲ့ ကြတာပါ။ ဒီဆေးတွေကိုတော့ ဘေဂျင်းကနေ ဒေသစံတော်ချိန် မနက် ၅.၅၀ နာရီမှာ တီဂျီ-၆၇၅ ကုန်တင်လေယာဉ်နဲ့ စတင်သယ်ဆောင်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေ ဆိပ်ဆီ ဒေသစံတော်ချိန် ၁၀.၀၅ မိနစ်မှာ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကိုဗစ်ကာကွယ်ဆေး ၂ သိန်းကို ထိုင်းဆေးသိပ္ပံဌာန ကာကွယ်ဆေးသို လှောင်ရုံမှာ ထားရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကာကွယ်ဆေးကို လာမယ့် ၃ ရက်အတွင်း ဘမ်ရက်စ်နာရာဒူရာ ကူးစက်ရောဂါ ဆိုင်ရာ အင်စတီကျုဆီ [ ]


Latest News
Hashtags:   

ထိုင်းနိုင်ငံသို့

 | 

တရုတ်ထုတ်

 | 

Sinovac

 | 

ကိုဗစ်ကာကွယ်ဆေး

 | 

သိန်း

 | 

ပထမအသုတ်

 | 

ရောက်ရှိ

 | 

Sources