Thursday 15 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

CRPH က ရပ်​/ကျေးအဆင့် ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့​များ ဖွဲ့စည်းချိန် အာဏာသိမ်း စစ်​ကောင်စီက အုပ်ချုပ်​ရေးမှူးအသစ်​များ ခန့်အပ်

ပြည်​ထောင်စုလွှတ်​တော်ကိုယ်စားပြု​ကော်မတီ CRPH က ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့​တွေ ရပ်​ကျေးအလိုက် ဖွဲ့​နေချိန် စစ်အာဏာသိမ်းကောင်စီက အာဏာကိုအသုံးချပြီး တိုက်ရိုက်ခန့်တဲ့ ရပ်​/ကျေးအဆင့် အုပ်ချုပ်​ရေးမှူး​တွေ ရှိလာတာ​ကြောင့် ပြည်သူ​တွေကြား ဆန့်ကျင်ကန့်ကွက်တာ ​တွေလည်း ရှိလာပါတယ်။ ဒီအ​ခြေအ​နေထိမ​ရောက်ခင် အရင်ရက်ပိုင်း​တွေမှာ​တော့ ရပ်ကွက်အုပ်ချုပ်​ရေးမှူးတချို့ နုတ်ထွက်စာတင်တဲ့ဖြစ်ရပ်​တွေ ရန်ကုန်အပြင် နယ်မြို့တချို့မှာဖြစ်လာပါတယ်။ ဒီက​နေ့မှာဆိုရင် စစ်အာဏာသိမ်းကောင်စီက အာဏာကိုအသုံးချပြီး တိုက်ရိုက်ခန့်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မြတောင်အုပ်စုအုပ်စု အုပ်ချုပ်ရေးမှူးကို ဆန့်ကျင်ကန့်ကွက်တဲ့ ကျေးရွာသူ/သားပေါင်း ၁၀၀၀ လောက်က ကျေးရွာလမ်းမကြီးအတိုင်း ​ကြွေး​ကြော်သံ​တွေနဲ့ ချီတက် ဆန္ဒပြခဲ့ကြတာ​ တွေ့ရပါတယ်။ ရန်ကုန်က မြို့နယ်တချို့မှာလည်း အာဏာသိမ်းစစ်​ကောင်စီက ရပ်​/ကျေး အုပ်ချုပ်​ရေးမှူး ​တချို့ကို တိုက်ရိုက်ခန့်လာတာ​ကြောင့် ပြည်သူ​တွေက ကန့်ကွက်ဆန္ဒပြတာ​တွေ ရှိ​နေပါတယ်။ လတ်​တ​လောမှာ​တော့ ရန်ကုန်တိုင်း​ဒေသကြီး လွှတ်​တော်​ကိုယ်စားပြုကော်မတီကို (CPRH) ကို [ ]


Latest News
Hashtags:   

ကျေးအဆင့်

 | 

ပြည်သူ့အုပ်ချုပ်​ရေးအဖွဲ့​များ

 | 

ဖွဲ့စည်းချိန်

 | 

အာဏာသိမ်း

 | 

စစ်​ကောင်စီက

 | 

အုပ်ချုပ်​ရေးမှူးအသစ်​များ

 | 

ခန့်အပ်

 | 

Sources