Monday 19 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

ဖမ်းထားသည့် ပရဟိတသမား ကိုဝေဠုကို ပြန်လွှတ်ပေးရန် ပဒါန်းရဲစခန်းရှေ့ ဆန္ဒပြ

ဖမ်းဆီးခံထားရတဲ့ မေတ္တာရှင် သွေးလှူရှင်များ (အခမဲ့) လူမှုကူညီရေးအသင်းက ကိုဝေဠုကို ပြန်လွှတ်ပေးဖို့ ပဒါန်းရဲစခန်းနဲ့ ငဖဲမြို့မရဲစခန်းရှေ့မှာ ပြည်သူတွေ ဒီနေ့နေ့လယ်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ကိုဝေဠု ဟာ ဒီနေ့မနက် ၈ နာရီကျော်လောက်က ဆိုင်ကယ်စီးလာစဥ် ပဒါန်းရဲစခန်းရှေ့အရောက်မှာ ရဲတပ်ဖွဲ့က တားဆီးပြီးတော့ ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ ကိုဝေဠုဟာ စစ်အာရှင်ဆန်ကျင်ရေးဆန္ဒပြပွဲမှာ ဖမ်းဆီးခံရတာမျိုး မဟုတ်ဘဲ ယခင်ရက်​တွေကတော့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံရသူကို ပြန်လွှတ်ပေးဖို့ ဒေသခံပြည်သူလူထုက ပဒါန်းရဲစခန်းရှေ့မှာ နေ့လယ် ၁ နာရီဝန်းကျင်လောက်က စတင်ကာ တောင်းဆိုခဲ့ကြတာပါ။ ငဖဲမြို့မရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ ကြားသိရတဲ့အတွက် ငဖဲမြို့မရဲစခန်းရှေ့ကိုလည်း ဆက်လက်ချီတက် တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။ မင်းထီး


Latest News
Hashtags:   

ဖမ်းထားသည့်

 | 

ပရဟိတသမား

 | 

ကိုဝေဠုကို

 | 

ပြန်လွှတ်ပေးရန်

 | 

ပဒါန်းရဲစခန်းရှေ့

 | 

ဆန္ဒပြ

 | 

Sources