Monday 19 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

မလေးရှားရောက် ရွေ့ပြောင်းမြန်မာ ၁၀၀၀ ကျော်ကို စစ်သင်္ဘာဖြင့် ပြန်ပို့သည့်အပေါ် ကုလအထူးသံတမန်များ စိုးရိမ်

မြန်မာရွေ့ပြောင်းနေထိုင်သူ ၁၀၀၀ ကျော်ကို မလေးရှား အာဏာပိုင်တွေက  မြန်မာရေတပ် စစ်သင်္ဘာနဲ့ နေရပ်ပြန်ပို့ လိုက်တဲ့အပေါ် ထိတ်လန့်တုန်လှုပ်မိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေး အထူးသံတမန်တွေ၊   ကျွမ်းကျင်သူတွေက ပူးပေါင်း ကြေညာပါတယ်။  အသက် ၃ နှစ် အရွယ်ကလေးငယ်နဲ့ အရွယ်မရောက်သေးသူတွေအပါအဝင် မြန်မာနိုင်ငံသား  ၁၀၈၆ ယောက်ကို  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ မလေးရှားလဝက က ပြန်ပို့ခဲ့ပါတယ်။ ကွာလာလမ်ပူတရားရုံးက ဥပဒေကြောင်းအရ သုံးသပ်ပြီး အဆိုပါ ပြန်ပို့တဲ့ကိစ္စကို ဆိုင်းငံ့ထားဖို့  အမိန့် ထုတ်ထားတဲ့ကြားက ခုလို့ ပြန်ပို့လိုက်တာပါ။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီးနောက် အခြေခံလူ့အခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်ခံနေရချိန်မှာ ခုလို ရွေ့ပြောင်းနေထိုင်သူတွေကို ပြန်ပို့တာကို စိုးရိမ်ပူပန်မိတယ်လို့ [ ]


Latest News
Hashtags:   

မလေးရှားရောက်

 | 

ရွေ့ပြောင်းမြန်မာ

 | 

ကျော်ကို

 | 

စစ်သင်္ဘာဖြင့်

 | 

ပြန်ပို့သည့်အပေါ်

 | 

ကုလအထူးသံတမန်များ

 | 

စိုးရိမ်

 | 

Sources