Monday 19 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

စစ်ကိုင်းမြို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ အလိုမရှိကြောင်း ဆန္ဒပြ

စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်ရုံးတွေရှေ့မှာ အာဏာသိမ်း စစ်ကောင်စီက ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးတွေ အလိုမရှိကြောင်း ရပ်ကွက်အသီးသီးရှိ ပြည်သူတွေက ဖေဖော်ဝါရီ ၂၄ ရက်ညနေပိုင်းက မိမိတို့နဲ့သက်ဆိုင်တဲ့ ရပ်ကွက်တွေရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြ ပြည်သူတွေဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် အလိုမရှိ၊ အာဏာသိမ်းအုပ်စု ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး အလိုမရှိ စတဲ့ ကြွေးကြော်သံတွေနဲ့အတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဆန္ဒပြရာမှာကိုင်ဆောင်လာတဲ့ ဆိုင်းဘုတ်တွေကို ရုံးရှေ့မှာ ချိတ်ဆွဲခဲ့ကြပါတယ်။ အချို့ရပ်ကွက်တွေမှာတော့ သံပုံးတွေတီးပြီး ရပ်ကွက်အတွင်း လှည့်လည်ဆန္ဒထုတ်ဖော် နေကြတာကို တွေ့ရပါတယ်။ဆန္ဒ‌ထုတ်‌ဖော်လို့ အပြီးမှာတော့ ဆန္ဒပြပြည်သူတွေက ရပ်ကွက်ရုံး အပေါက်ဝသံတံခါးကို သော့ခတ်ခဲ့ကြပါတယ်။စစ်ကိုင်းမြို့ပေါ်မှာတော့ ရပ်ကွက်ပေါင်း ၂၃ ရပ်ကွက်ရှိပြီး မြို့နယ်အတွင်းမှာ ကျေးရွာအုပ်စုပေါင်း ၁၁၀ ရှိပါတယ်။ရဲနိုင်ဆွေ


Latest News
Hashtags:   

စစ်ကိုင်းမြို့တွင်

 | 

စစ်ကောင်စီခန့်

 | 

အုပ်ချုပ်ရေးမှူးများ

 | 

အလိုမရှိကြောင်း

 | 

ဆန္ဒပြ

 | 

Sources