Thursday 22 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

Hledan Center နှင့် တံတားအောက် ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီး

Hledan Center နဲ့ လူကူးတံတားအောက်က ဒီနေ့မနက် ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားအလုံးအရင်းနဲ့ လိုက်လံရိုက်နှက် ဖမ်းဆီးနေပါတယ်။ အဲဒီနေရာတွေမှာ မနက်ကတည်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နေရာယူထားတာဖြစ်ပြီး ဆန္ဒပြသူတွေကို လိုက်လံဖမ်းဆီးနေတာပါ။ ရုပ်သံဖိုင်တခုမှာတော့ ဆန္ဒပြအမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာ တွေ့ရပါတယ်။ ဒါ့အပြင် အမေရိကန်သံရုံး အပါအဝင် သံရုံးတွေရှိရာ လမ်းတစ်လျှောက်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အိမ်တည်ရှိတဲ့ တက္ကသိုလ်ရိပ်သာလမ်းတလျှောက်မှာလည်း လုံခြုံရေးတွေ အင်အားအလုံးအရင်း ချထားတယ်လို့ သိရပါတယ်။


Latest News
Hashtags:   

Hledan

 | 

Center

 | 

နှင့်

 | 

တံတားအောက်

 | 

ဆန္ဒပြသူများကို

 | 

လုံခြုံရေးတပ်ဖွဲ့ဝင်များက

 | 

ရိုက်နှက်ဖမ်းဆီး

 | 

Sources