Thursday 22 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

ထားဝယ်ဆန္ဒပြစစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်း၊ ဆက်လက်ချီတက်ဆန္ဒပြ

တနင်္သာရီတိုင်း ထားဝယ်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီနေ့မနက် ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ပြီး မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့တယ်လို့ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်သူတဦးက ပြောပါတယ်။ ဒီနေ့မနက် ဆန္ဒပြဖို့ ဥတ္တတားကြီးမှာ လူစုဖို့ လုပ်ခဲ့ပေမယ့် ရဲအင်အား အလုံးအရင်းနဲ့ စောင့်ဆိုင်းနေတာကြောင့် ဗုမ္မော်ရပ်ကွက်မှာစုပြီး ကရပ်ပြင်ရပ်ကွက်ဘက် ချီတက်ဆန္ဒပြခဲ့ကြစဉ် ကရပ်ပြင်လမ်းဆုံအရောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်လူစုခွဲခဲ့တာလို့ ဆိုပါတယ်။ “ရဲအင်အား ၄၀၊ ၅၀ လောက်ရှိမယ်။ ကျနော်တို့ စစ်ကြောင်း ကရင်ပြင်လမ်းဆုံ ရောက်တဲ့အချိန်မှာ သေနတ်ကျည်အစစ်နဲ့ မိုးပေါ်ထောင်ပစ်တာလည်း လုပ်တယ်၊ လူတွေကြားထဲတော့ ရာဘာကျည်တွေနဲ့ ပစ်တယ်။ ပြီးတော့ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်လူစုခွဲတာ၊ လောလောဆယ် ထိခိုက်ဒဏ်ရာရသူတော့ မတွေ့ရသေးဘူး” လို့ ဆန္ဒပြပွဲ ဦးဆောင်သူတဦးက ပြောပါတယ်။ လောလောဆယ်မှာတော့ စစ်ကြောင်းတွေကို ပြန်စုပြီး [ ]


Latest News
Hashtags:   

ထားဝယ်ဆန္ဒပြစစ်ကြောင်းကို

 | 

လုံခြုံရေးတပ်ဖွဲ့က

 | 

ပစ်ခတ်ဖြိုခွင်း၊

 | 

ဆက်လက်ချီတက်ဆန္ဒပြ

 | 

Sources