Sunday 18 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများအလိုမရှိသဖြင့် ဖားကန့်ပြည်သူများက ရပ်ကွက်ရုံးများကို ပိတ်ပစ်

အာဏာသိမ်း စစ်ကောင်စီက အသစ်ပြန်လည်ဖွဲ့စည်းပေးမဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အယုံအကြည်မရှိတာကြောင့် ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးရုံးတွေကို ပြည်သူတွေက လိုက် ပိတ်နေပါတယ်။ ပြည်သူ့ဆန္ဒအရ ရွေးချယ်ထားသူတွေ မဟုတ်တာကြောင့် သူတို့ရဲ့ရပ်ကွက်ရုံးတွေကို အသုံးပြုခွင့်မပေးနိုင်တဲ့အတွက် အခုလို အသေပိတ်ထားရတာလို့ ပြည်သူတွေက ပြောပါတယ်။ “ကျမတို့ပြည်သူ့ဆန္ဒမပါဘဲ ရွေးချယ်ထားတဲ့လူတွေ အုပ်ချုပ်တာမခံနိုင်ဘူး၊ အသိအမှတ်လည်း မပြုနိုင်ဘူး၊ ရုံးတွေကိုလည်း အသုံးပြုခွင့်မပေးနိုင်ဘူး၊ ဒီရုံးတွေက ပြည်သူပိုင်ရုံးတွေ၊ ရပ်ကွက်ပိုင်ရုံးတွေ၊ ပြည့်သူ့ပိုက်ဆံနဲ့ ဆောက်ထားတဲ့ရုံးတွေ” လို့ မရှီကထောင်ရပ်ကွက်သားတဦးက ပြောပါတယ်။ ဖားကန့်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ မရှီကထောင်ရပ်ကွက်၊ မော်ဝမ်းရပ်ကွက်ရုံးတွေကို ပြည်သူတွေက ချိတ်ပိတ်ခဲ့ပေမဲ့ မြို့မ၊ အေးမြသာယာ၊ ငှက်ပျောတော ရပ်ကွက်က အုပ်ချုပ်ရေးရုံးတွေကိုတော့ ပြည်သူတွေ ဆန္ဒပြတာ၊ သော့ခတ်ပိတ်တာတွေ မတွေ့ရပါဘူး။ ဆိပ်မူအုပ်စုအတွင်းမှာတော့ မမုံကျေးရွာအုပ်ချုပ်ရေးရုံး၊ စပေါ့ကျေးရွာအုပ်ချုပ်ရေးရုံး နဲ့ လုံးခင်းကျေးရွာအုပ်ချုပ်ရေးရုံးတွေကိုလည်း [ ]


Latest News
Hashtags:   

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများအလိုမရှိသဖြင့်

 | 

ဖားကန့်ပြည်သူများက

 | 

ရပ်ကွက်ရုံးများကို

 | 

ပိတ်ပစ်

 | 

Sources