Sunday 18 April 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 2 month ago

မအူပင်ဆန္ဒပြပွဲကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့တားဆီး

မအူပင်မြို့က အာဏာသိမ်း စစ်ကောင်စီ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်သူတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့တားဆီးတာကြောင့် ရပ်ကွက်လမ်းကြိုလမ်းကြားများထဲ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ ဧရာဝတီတိုင်း မအူပင်မြို့မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ အာဏာသိမ်းစစ်ကောင်စီ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ကြတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကို လုံခြုံရေးတပ်ဖွဲ့တွေက ပိတ်ဆိုတားဆီးတာကြောင့် ရှောင်ကွင်းဆန္ဒပြခဲ့ကြပါတယ်။ မအူပင်မြို့ခံတဦးက “ပုံမှန်ဆို မအူပင်မြို့ ကမ်းနားလမ်း တိုးရွှေဝါခန်းမ အရှေ့မှာလူစုပြီး စတင်ချီတတ်တာ နေ့တိုင်းလိုပေါ့။ အခုတော့ မနက်မိုးလင်းတည်းက ရဲတပ်ဖွဲ့အင်အား အတော်များများတွေ့နေရပြီး ဆန္ဒဖော်ထုတ်တဲ့ စစ်ကြောင်းတွေကလည်း ရဲရှိတဲ့နေရာကမထွက်ဘဲ ဘယ်လိုဘယ်လိုလမ်းပေါ်ရောက်လာလည်း မသိရဘူး” လို့ ပြောပါတယ်။ ဒီကနေ့ ဆန္ဒပြပွဲကို နွေဦးတော်လှန်ရေး ကျောင်းသားသမဂ္ဂစစ်ကြောင်းက ဦးဆောင်ပြီး အင်ဂျင်နီယာစစ်ကြောင်း၊ တောင်သူလယ်သမားတွေနဲ့ ပြည်သူတွေ ပါဝင်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ မအူပင်မြို့ အထင်ကရ လမ်းမကြီးပေါ်တွေမှာ လုံခြုံရေးအင်အားအများအပြားချကာ [ ]


Latest News
Hashtags:   

မအူပင်ဆန္ဒပြပွဲကို

 | 

လုံခြုံရေးတပ်ဖွဲ့ဝင်များက

 | 

ပိတ်ဆို့တားဆီး

 | 

Sources