Friday 23 April 2021
Home      All news      Contact us      RSS      English
voanews - 2 month ago

ျမန္မာႏုိင္ငံအ၀န္း ဆႏၵျပပဲြေတြအတြင္း သတင္းသမားတခ်ဳိ႕ ဖမ္းဆီးခံရ

(Zaw Gyi/Unicode) ရန္ကုန္နဲ႔ အျခားၿမိဳ႕အေတာ္မ်ားမ်ားက စစ္အာဏာသိမ္းမႈကန႔္ကြက္ဆန႔္က်င္တဲ့ဆႏၵျပမႈေတြကို အၾကမ္းဖက္ၿဖိဳခြဲရာမွာ သတင္းယူေနတဲ့ သတင္းေထာက္တခ်ိဳ႕ပါ ဖမ္းဆီးခံရတဲ့အေျခအေန ေျပာျပခ်င္ပါတယ္။ က်မ ေမခပါ။ ေဖေဖာ္ဝါရီ ၂၇ ရက္က ရန္ကုန္က ဆႏၵျပမႈေတြကို အင္အားသုံးၿဖိဳခြဲစဥ္မွာ သတင္းယူေနတဲ့ အမ်ိဳးသမီးသတင္းေထာက္တဦးနဲ႔ သတင္းဓါတ္ပုံရိုက္ကူးသူတခ်ိဳ႕ ဖမ္းဆီးခံခဲ့ရတာပါ။ အဲဒီေန႔မနက္ပိုင္းလွည္းတန္းမွာ ဆႏၵျပေနသူေတြကို အင္အားသုံးၿဖိဳခြင္းေနတာကို သတင္းဓါတ္ပုံရိုက္ကူးေနတဲ့ AP သတင္းဌာနက ဓါတ္ပုံသတင္းေထာက္ ဦးသိန္းေဇာ္နဲ႔  Myanmar Photo Agency (MPA) သတင္းဌာနက ဓါတ္ပုံသတင္းေထာက္တဦးလည္း ဖမ္းခံရပါတယ္။ လက္ရွိ အခ်ိန္မွာေတာ့ သူတို႔ေတြကို ဘယ္လိုပုံစံနဲ႔ထိန္းသိမ္းထားလဲဆိုတာရွင္းရွင္းလင္းလင္းမသိရဘဲ အင္းစိန္ အက်ဥ္းေထာင္ကိုပို႔ေဆာင္လိုက္တယ္လို႔ သာ ကနဦးသိရွိထားတယ္လို႔ နိုင္ငံျခားသတင္းေထာက္မ်ားအဖြဲ႕ ဥကၠဌ ဦးဟန္ေထြးေအာင္က ေျပာပါတယ္။ “ေန႔လည္ေလာက္ကေျပာတာေတာ့က်န္းက်န္းမာမာရွိတယ္။ ဒဏ္ရာရျခင္းမရွိပါ. ကင္မရာဘာညာလည္းေကာင္းတယ္ဆိုတာမ်ိဳးေတာ့သတင္းျပန္ရတယ္။ လူႀကီးအမိန႔္တစုံတရာရရင္ေတာ့ လႊတ္ရင္လည္း လႊတ္မယ္ဆိုေတာ့ ခုခ်ိန္ထိေစာင့္ေနတာေပါ့ ခုနကေတာ့  ၁ဝမိနစ္ေလာက္ကေတာ့ ကား၂စီးထြက္လာၿပီး အင္းစိန္ေထာင္ကိုပို႔တယ္လို႔သိရတယ္။ ေရွ႕ကားမွာပါတယ္ေျပာတယ္ က်ေနာ္တို႔ေတာ့မ်က္စိနဲ႔မျမင္ရဘူးေပါ့ တစီးကို ၃၀၊ ၄ဝေလာက္ရွိမယ္။ သတင္းေထာက္ကသတင္းယူတာေလ အျပစ္လုပ္တာမဟုတ္ဘူးသတင္းရယူတာအျပစ္မရွိဘူး အကိုတို႔ဘက္ကေတာ့တတ္နိုင္သေရြ႕လက္လွမ္းမွီသမၽွလုပ္မယ္ သူတို႔ဘယ္လိုဆုံးျဖတ္မလဲေတာ့မသိေသးဘူး” ရန္ကုန္ၿမိဳ႕ေပၚ ဆႏၵျပမႈေတြ ၿဖိဳခြင္းတာကို သတင္းရယူရင္းဖမ္းဆီးခံရသူေတြက AP သတင္းဌာန ဓာတ္ပုံသတင္းေထာက္ ဦးသိန္းေဇာ္၊ MPA သတင္းဌာန ဓါတ္ပုံသတင္းေထာက္ ဦးရဲမ်ိဳးခန႔္နဲ႔ Myanmar Now သတင္းဌာနက အမ်ိဳးသမီးသတင္းေထာက္ ေဒၚေကဇြန္ေႏြးတို႔ျဖစ္ပါတယ္။ ေနာက္ထပ္ထိန္းသိမ္းခံရသူေတြကေတာ့ မုံရြာၿမိဳ႕၊ ဟားခါးနဲ႔ မေကြးၿမိဳ႕တို႔ကျဖစ္ပါတယ္။ အဲဒီေန႔ မနက္ မုံရြာၿမိဳ႕ ဗိုလ္ခ်ဳပ္လမ္းမွာ ဆႏၵျပေနတဲ့ ျပည္သူေတြကို စစ္တပ္၊ ရဲ နဲ႔ အရပ္ဝတ္ေတြက ဝင္ေရာက္ဖမ္းဆီးေနတာကို တိုက္ရိုက္ထုတ္လႊင့္တင္ဆက္ေပးေနတဲ့ မုံရြာေဂဇက္ဂ်ာနယ္က အယ္ဒီတာခ်ဳပ္ ျဖစ္သူ ဦးေက်ာ္ေက်ာ္ဝင္း(ခ) ဦးကိုေလးကို လည္းဖမ္းဆီးခံခဲ့ရပါတယ္။ သူ႔ကို  မုံရြာၿမိဳ႕ ဗိုလ္ခ်ဳပ္လမ္းမွာ သတင္းတိုက္ရိုက္ထုတ္လႊင့္ေနတာကို သူ႔ဖုန္းကို ရဲနဲ႔ အရပ္ဝတ္ေတြက ဆြဲယူဖ်က္ဆီးကာ သူ႔ကိုရိုက္ႏွက္ကန္ေက်ာက္တာေတြလုပ္ကာဖမ္းဆီးသြားတဲ့ ဗြီဒီယိုဖိုင္ေတြဟာလူမႈကြန္ယက္ေပၚမွာျပန႔္ႏွံခဲ့ပါတယ္။ ဒီလို သတင္းတိုက္ရိုက္တင္ဆက္ေနခ်ိန္ ဖမ္းဆီးခံရသူေနာက္တဦးကေတာ့ ဟားခါးတိုင္းမ္ အယ္ဒီတာခ်ဳပ္ ကိုပါပြီးပါ။ သူ႔ကိုလည္းလက္ရွိမွာထိန္းသိမ္း ထားၿပီး သူျပန္လြတ္ေျမာက္ဖို႔ အတြက္ ဘာသာေရးေခါင္းေဆာင္ေတြဘက္က အာဏာပိုင္ေတြနဲ႔ ညႇိုႏွိုင္းေနဆဲရွိတယ္လို႔သူနဲ႔နီးစပ္သူတဦးက ဗြီအိုေအကို ေျပာပါတယ္။ “၃နာရီ၊ ၄နာရီေလာက္မွာ ဆႏၵျပတဲ့ အခ်ိန္လူအမ်ားႀကီးရွိတာေပါ့ေနာ္။ တျခားသတင္းမီဒီယာေတြလည္းရွိတယ္။ သတင္းလႊင့္တဲ့အခ်ိန္ စကားေျပာခ်ိန္ သူ႔ကို လာဖမ္းတယ္ တျခားသတင္းမီဒီယာသမားေတြကေျပးသြားၾကရတယ္။မဖမ္းမိလိုက္ဘူး သူကက်ေတာ့မေျပးလိုက္နိုင္ဘူးေပါ့။ သူအခုစခန္းမွာဘဲရွိေနတုန္း ဘာသာေရးေခါင္းေဆာင္ေတြနဲ႔ေတြ႕ေနတုန္းဘဲ။ စခန္းေရာက္ေတာ့ဘယ္အေျခအေနဆိုတာမသိရေသးဘူး။ ဘယ္အခ်ိန္ျပန္လႊတ္မယ္ေတာ့မသိေသးဘူး” ဒီေန႔ ရန္ကုန္၊မုံရြာ၊ဟားခါး၊မေကြး ၿဖိဳခြင္းဖမ္းဆီးမႈေတြမွာ သတင္းသမား ၇ ဦးဖမ္းဆီးခံခဲ့ရပါတယ္။ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကစၿပီး စစ္တပ္က အာဏာသိမ္းယူခဲ့ၿပီးေနာက္ပိုင္း သတင္းသမား အေယာက္ ၂ဝနီးပါးဖမ္းဆီးထိန္းသိမ္းခံခဲ့ရၿပီး၊ အဲဒီထဲ အမ်ားစုကေတာ့ ျပန္လည္လြတ္ေျမာက္လာၿပီျဖစ္ပါတယ္။   (Unicode) ရန်ကုန်နဲ့ အခြားမြို့အတော်များများက စစ်အာဏာသိမ်းမှုကန့်ကွက်ဆန့်ကျင်တဲ့ဆန္ဒပြမှုတွေကို အကြမ်းဖက်ဖြိုခွဲရာမှာ သတင်းယူနေတဲ့ သတင်းထောက်တချို့ပါ ဖမ်းဆီးခံရတဲ့အခြေအနေ ပြောပြချင်ပါတယ်။ ကျမ မေခပါ။   ဖေဖော်ဝါရီ ၂၇ ရက်က ရန်ကုန်က ဆန္ဒပြမှုတွေကို အင်အားသုံးဖြိုခွဲစဉ်မှာ သတင်းယူနေတဲ့ အမျိုးသမီးသတင်းထောက်တဦးနဲ့ သတင်းဓါတ်ပုံရိုက်ကူးသူတချို့ ဖမ်းဆီးခံခဲ့ရတာပါ။   အဲဒီနေ့မနက်ပိုင်းလှည်းတန်းမှာ ဆန္ဒပြနေသူတွေကို အင်အားသုံးဖြိုခွင်းနေတာကို သတင်းဓါတ်ပုံရိုက်ကူးနေတဲ့ AP သတင်းဌာနက ဓါတ်ပုံသတင်းထောက် ဦးသိန်းဇော်နဲ့  Myanmar Photo Agency (MPA) သတင်းဌာနက ဓါတ်ပုံသတင်းထောက်တဦးလည်း ဖမ်းခံရပါတယ်။   လက်ရှိ အချိန်မှာတော့ သူတို့တွေကို ဘယ်လိုပုံစံနဲ့ထိန်းသိမ်းထားလဲဆိုတာရှင်းရှင်းလင်းလင်းမသိရဘဲ အင်းစိန် အကျဉ်းထောင်ကိုပို့ဆောင်လိုက်တယ်လို့ သာ ကနဦးသိရှိထားတယ်လို့ နိုင်ငံခြားသတင်းထောက်များအဖွဲ့ ဥက္ကဌ ဦးဟန်ထွေးအောင်က ပြောပါတယ်။ “နေ့လည်လောက်ကပြောတာတော့ကျန်းကျန်းမာမာရှိတယ်။ ဒဏ်ရာရခြင်းမရှိပါ. ကင်မရာဘာညာလည်းကောင်းတယ်ဆိုတာမျိုးတော့သတင်းပြန်ရတယ်။ လူကြီးအမိန့်တစုံတရာရရင်တော့ လွှတ်ရင်လည်း လွှတ်မယ်ဆိုတော့ ခုချိန်ထိစောင့်နေတာပေါ့ ခုနကတော့  ၁ဝမိနစ်လောက်ကတော့ ကား၂စီးထွက်လာပြီး အင်းစိန်ထောင်ကိုပို့တယ်လို့သိရတယ်။ ရှေ့ကားမှာပါတယ်ပြောတယ် ကျနော်တို့တော့မျက်စိနဲ့မမြင်ရဘူးပေါ့ တစီးကို ၃၀၊ ၄ဝလောက်ရှိမယ်။ သတင်းထောက်ကသတင်းယူတာလေ အပြစ်လုပ်တာမဟုတ်ဘူးသတင်းရယူတာအပြစ်မရှိဘူး အကိုတို့ဘက်ကတော့တတ်နိုင်သရွေ့လက်လှမ်းမှီသမျှလုပ်မယ် သူတို့ဘယ်လိုဆုံးဖြတ်မလဲတော့မသိသေးဘူး”   ရန်ကုန်မြို့ပေါ် ဆန္ဒပြမှုတွေ ဖြိုခွင်းတာကို သတင်းရယူရင်းဖမ်းဆီးခံရသူတွေက AP သတင်းဌာန ဓာတ်ပုံသတင်းထောက် ဦးသိန်းဇော်၊ MPA သတင်းဌာန ဓါတ်ပုံသတင်းထောက် ဦးရဲမျိုးခန့်နဲ့ Myanmar Now သတင်းဌာနက အမျိုးသမီးသတင်းထောက် ဒေါ်ကေဇွန်နွေးတို့ဖြစ်ပါတယ်။   နောက်ထပ်ထိန်းသိမ်းခံရသူတွေကတော့ မုံရွာမြို့၊ ဟားခါးနဲ့ မကွေးမြို့တို့ကဖြစ်ပါတယ်။ အဲဒီနေ့ မနက် မုံရွာမြို့ ဗိုလ်ချုပ်လမ်းမှာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်၊ ရဲ နဲ့ အရပ်ဝတ်တွေက ဝင်ရောက်ဖမ်းဆီးနေတာကို တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးနေတဲ့ မုံရွာဂေဇက်ဂျာနယ်က အယ်ဒီတာချုပ် ဖြစ်သူ ဦးကျော်ကျော်ဝင်း(ခ) ဦးကိုလေးကို လည်းဖမ်းဆီးခံခဲ့ရပါတယ်။ သူ့ကို  မုံရွာမြို့ ဗိုလ်ချုပ်လမ်းမှာ သတင်းတိုက်ရိုက်ထုတ်လွှင့်နေတာကို သူ့ဖုန်းကို ရဲနဲ့ အရပ်ဝတ်တွေက ဆွဲယူဖျက်ဆီးကာ သူ့ကိုရိုက်နှက်ကန်ကျောက်တာတွေလုပ်ကာဖမ်းဆီးသွားတဲ့ ဗွီဒီယိုဖိုင်တွေဟာလူမှုကွန်ယက်ပေါ်မှာပြန့်နှံခဲ့ပါတယ်။ ဒီလို သတင်းတိုက်ရိုက်တင်ဆက်နေချိန် ဖမ်းဆီးခံရသူနောက်တဦးကတော့ ဟားခါးတိုင်းမ် အယ်ဒီတာချုပ် ကိုပါပွီးပါ။ သူ့ကိုလည်းလက်ရှိမှာထိန်းသိမ်း ထားပြီး သူပြန်လွတ်မြောက်ဖို့ အတွက် ဘာသာရေးခေါင်းဆောင်တွေဘက်က အာဏာပိုင်တွေနဲ့ ညှိုနှိုင်းနေဆဲရှိတယ်လို့သူနဲ့နီးစပ်သူတဦးက ဗွီအိုအေကို ပြောပါတယ်။ “၃နာရီ၊ ၄နာရီလောက်မှာ ဆန္ဒပြတဲ့ အချိန်လူအများကြီးရှိတာပေါ့နော်။ တခြားသတင်းမီဒီယာတွေလည်းရှိတယ်။ သတင်းလွှင့်တဲ့အချိန် စကားပြောချိန် သူ့ကို လာဖမ်းတယ် တခြားသတင်းမီဒီယာသမားတွေကပြေးသွားကြရတယ်။မဖမ်းမိလိုက်ဘူး သူကကျတော့မပြေးလိုက်နိုင်ဘူးပေါ့။ သူအခုစခန်းမှာဘဲရှိနေတုန်း ဘာသာရေးခေါင်းဆောင်တွေနဲ့တွေ့နေတုန်းဘဲ။ စခန်းရောက်တော့ဘယ်အခြေအနေဆိုတာမသိရသေးဘူး။ ဘယ်အချိန်ပြန်လွှတ်မယ်တော့မသိသေးဘူး”   ဒီနေ့ ရန်ကုန်၊မုံရွာ၊ဟားခါး၊မကွေး ဖြိုခွင်းဖမ်းဆီးမှုတွေမှာ သတင်းသမား ၇ ဦးဖမ်းဆီးခံခဲ့ရပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်း သတင်းသမား အယောက် ၂ဝနီးပါးဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး၊ အဲဒီထဲ အများစုကတော့ ပြန်လည်လွတ်မြောက်လာပြီဖြစ်ပါတယ်။  


Latest News
Hashtags:   

ျမန္မာႏုိင္ငံအ၀န္း

 | 

ဆႏၵျပပဲြေတြအတြင္း

 | 

သတင္းသမားတခ်ဳိ႕

 | 

ဖမ္းဆီးခံရ

 | 

Sources